စပါးအတွက် နည်းပြ ကွန်တီရဲ့ ပထမဆုံး ခေါ်ယူမှုက မန်ယူကစားသမား ဖြစ်ဖွယ် ရှိနေ

တော့တင်ဟမ် စပါး အသင်း ရဲ့ နည်းပြ သစ် ဖြစ်လာတဲ့ ကွန်တီကတော့ ယူနိုက်တက် အသင်း မှာနေရာ မရဖြစ်နေတဲ့ ကွင်းလယ်လူ ဗန်ဒီဘီ ကို ဇန်နဝါရီ ဈေးကွက်မှာ ခေါ်ယူပေး ရန်အသင်းတာဝန်ရှိသူ များကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

ကွန်တီက မန်ယူနည်းပြသစ် ဖြစ်လာဖို့ သတင်း ကြီးခဲ့ပေမယ့် စပါးရဲ့ မန်ယူကို ရှုံးတဲ့ပွဲအပြီး နည်းပြ နူနို ထုတ်ပယ်ခံခဲ့ရကာ အီတလီသားကြီးက စပါးနည်းပြသစ် ဖြစ်လာခဲ့တာပါ။

ကွန်တီဟာ မန်ယူ ကွင်းလယ်လူ ဗန်ဒီဘီ ကို အင်တာမီလန်မှာတည်းက ခေါ်ယူရန် စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။

ဗန်ဒီဘိခ်ကလည်း မန်ယူ အသင်းကို ရောက်ရှိနေတာ နှစ်ရာသီကြာ ရှိနေပေမယ့် ပွဲထွက်ခွင့် အတော်လေး နည်းပါးနေတဲ့ အတွက် လာမယ့် ဇန်နဝါရီအပြောင်းအရွေ့မှာ သင့်တော်မယ့်အသင်းကို အငှား သို့မဟုတ် အပြီးသတ်ပြောင်းရွေ့နိုင်ဖို့ အေးဂျင့်က အပြင်းအထန် ရှာဖွေနေတယ်လို့လည်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဗန်ဒီဘိခ် အတွက် ပေးချေခဲ့ရတဲ့ ပြောင်းရွေ့ကြေး ရဲ့ အနည်းဆုံး တစ်ဝက် ကို ပြန်လည်ရယူဖို့ ဆန္ဒရှိနေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် စပါးကသာ ဇန်နဝါရီမှာ ပေါင် ၂၅ သန်း လောက်နဲ့ ကမ်းလှမ်းမှု ရှိလာပါက ဗန်ဒီဘိခ်ကို ရောင်းချသွားဖို့ ရာနှုန်းများနေပါတယ်။

ZG

ေတာ့တင္ဟမ္ စပါး အသင္း ရဲ႕ နည္းျပ သစ္ ျဖစ္လာတဲ့ ကြန္တီကေတာ့ ယူႏိုက္တက္ အသင္း မွာေနရာ မရျဖစ္ေနတဲ့ ကြင္းလယ္လူ ဗန္ဒီဘီ ကို ဇန္နဝါရီ ေဈးကြက္မွာ ေခၚယူေပး ရန္အသင္းတာ၀န္ရွိသူ မ်ားကို ေတာင္းဆိုထားတယ္လို႔ သိရပါတယ္။

ကြန္တီက မန္ယူနည္းျပသစ္ ျဖစ္လာဖို႔ သတင္း ၾကီးခဲ့ေပမယ့္ စပါးရဲ႕ မန္ယူကို ရံႈးတဲ့ပြဲအျပီး နည္းျပ ႏူနို ထုတ္ပယ္ခံခဲ့ရကာ အီတလီသားၾကီးက စပါးနည္းျပသစ္ ျဖစ္လာခဲ့တာပါ။

ကြန္တီဟာ မန္ယူ ကြင္းလယ္လူ ဗန္ဒီဘီ ကို အင္တာမီလန္မွာတည္းက ေခၚယူရန္ စိတ္၀င္စားခဲ့တာ ျဖစ္ပါတယ္။

ဗန္ဒီဘိခ္ကလည္း မန္ယူ အသင္းကို ေရာက္ရွိေနတာ ႏွစ္ရာသီၾကာ ရွိေနေပမယ့္ ပြဲထြက္ခြင့္ အေတာ္ေလး နည္းပါးေနတဲ့ အတြက္ လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ြ႕မွာ သင့္ေတာ္မယ့္အသင္းကို အငွား သို႔မဟုတ္ အၿပီးသတ္ေျပာင္းေ႐ြ႕ႏိုင္ဖို႔ ေအးဂ်င့္က အျပင္းအထန္ ရွာေဖြေနတယ္လို႔လည္း သိရပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္အသင္းကေတာ့ ဗန္ဒီဘိခ္ အတြက္ ေပးေခ်ခဲ့ရတဲ့ ေျပာင္းေ႐ြ႕ေၾကး ရဲ႕ အနည္းဆုံး တစ္ဝက္ ကို ျပန္လည္ရယူဖို႔ ဆႏၵရွိေနတယ္လို႔လည္း ဆိုပါတယ္။

ဒါေၾကာင့္ စပါးကသာ ဇန္နဝါရီမွာ ေပါင္ ၂၅ သန္း ေလာက္နဲ႕ ကမ္းလွမ္းမႈ ရွိလာပါက ဗန္ဒီဘိခ္ကို ေရာင္းခ်သြားဖို႔ ရာႏႈန္းမ်ားေနပါတယ္။