မန်စီးတီးဘက်ကို တမင် ဂိုးပေးခဲ့တယ် လို့ စွပ်စွဲပြောဆိုခံနေရတဲ့ ချဲလ်ဆီး ဂိုးသမား ကီပါ

ချဲလ်ဆီးအသင်းဟာ ညက မန်စီးတီးကို စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားရာ မာရက်ဇ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

ချဲလ်ဆီးဂိုးသမား ကီပါဟာ မန်ချက်တာစီးတီးအသင်းရဲ့ အနိုင်ဂိုးမှာ တော်တော်လေး ညံ့ဖျင်းခဲ့တဲ့အတွက် ပရိသတ်တွေက စပိန်ဂိုးသမားဟာ တမင်သက်သက်ဂိုးပေးလိုက်တာဖြစ်တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

စတမ်းဖို့ဒ် ဘရစ်ချ်မှာ အဖြစ်အပျက်တွေစုံလင်တဲ့ ပထမပိုင်းအပြီးမှာ အရာအားလုံးက သက်ဝင်လာပြီး မန်စီးတီးက လူစားဝင်ကစားသမားဖြစ်တဲ့ ဂျက်ခ် ဂရီးလစ်ရှ်နဲ့ မာရက်ဇ်တို့ ချိတ်ဆက်သွင်းယူခဲ့တဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂရီးလစ်ရှ်က ဘယ်တောင်ပံကနေ ဘယ်ခြေနဲ့ ဖြတ်တင်ပေးပို့မှု ပြုလုပ်ခဲ့ရာမှာ ဂိုးတိုင်နားမှာရှိနေတဲ့ မာရက်ဇ်က တစ်ချက်ထိ ပိတ်သွင်းယူပြီး ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ထိုဂိုးဟာ စီးတီးဘက်က ကြည့်ရင် အလွန်ကောင်းမွန်တဲ့ ကစားပုံဖြစ်ပေမယ့်လည်း ပရိသတ်တွေက ကီပါ ဘာလုပ်ခဲ့လဲ ဆိုတာကို နားမလည်နိုင်အောင် ဖြစ်ခဲ့ကြပါတယ်။

ဂရီးလစ်ရှ်ရဲ့ ဖြတ်တင်ပေးပို့မှုက အရမ်းမလျင်မြန်ခဲ့ဘဲ စပိန်ဂိုးသမားက ထွက်ဆွဲလို့ရပေမယ့်လည်း ဘောလုံးကို လွှတ်ပေးလိုက်တာဖြစ်ပြီး ကူကူရယ်လာကလည်း တုံ့ဆိုင်းနေခဲ့တာကြောင့် ချဲလ်ဆီးအသင်း အပြစ်ပေးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

“ဒီဂိုးကို ငါတကယ်ကို စဉ်းစားမရလို့ ကီပါကို လုပ်ပွဲကစားတဲ့အတွက် စုံစမ်း စစ်ဆေးပေးပါ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ကီပါက ဘောလုံးကို မရယူဖို့ ရွေးချယ်ခဲ့တာလား။ သူ လုပ်ပွဲများ ကစားခဲ့တာလား”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Zawgyi – ခ်ဲလ္ဆီးအသင္းဟာ ညက မန္စီးတီးကို စတန္းဖို႔ဘရစ္ခ်္မွာ ဧည့္ခံ ကစားရာ မာရက္ဇ္ရဲ႕ တစ္လံုးတည္းေသာ ဂိုးနဲ႕ ရံႈးနိမ့္သြားခဲ့ပါတယ္။

ခ်ဲလ္ဆီးဂိုးသမား ကီပါဟာ မန္ခ်က္တာစီးတီးအသင္းရဲ႕ အနိုင္ဂိုးမွာ ေတာ္ေတာ္ေလး ညံ့ဖ်င္းခဲ့တဲ့အတြက္ ပရိသတ္ေတြက စပိန္ဂိုးသမားဟာ တမင္သက္သက္ဂိုးေပးလိုက္တာျဖစ္တယ္လို႔ စြပ္စြဲခဲ့ၾကပါတယ္။

စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ အျဖစ္အပ်က္ေတြစုံလင္တဲ့ ပထမပိုင္းအၿပီးမွာ အရာအားလုံးက သက္ဝင္လာၿပီး မန္စီးတီးက လူစားဝင္ကစားသမားျဖစ္တဲ့ ဂ်က္ခ္ ဂရီးလစ္ရွ္နဲ႔ မာရက္ဇ္တို႔ ခ်ိတ္ဆက္သြင္းယူခဲ့တဲ့ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂရီးလစ္ရွ္က ဘယ္ေတာင္ပံကေန ဘယ္ေျခနဲ႔ ျဖတ္တင္ေပးပို႔မႈ ျပဳလုပ္ခဲ့ရာမွာ ဂိုးတိုင္နားမွာရွိေနတဲ့ မာရက္ဇ္က တစ္ခ်က္ထိ ပိတ္သြင္းယူၿပီး ဂိုးသြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ထိုဂိုးဟာ စီးတီးဘက္က ၾကည့္ရင္ အလြန္ေကာင္းမြန္တဲ့ ကစားပုံျဖစ္ေပမယ့္လည္း ပရိသတ္ေတြက ကီပါ ဘာလုပ္ခဲ့လဲ ဆိုတာကို နားမလည္ႏိုင္ေအာင္ ျဖစ္ခဲ့ၾကပါတယ္။

ဂရီးလစ္ရွ္ရဲ႕ ျဖတ္တင္ေပးပို႔မႈက အရမ္းမလ်င္ျမန္ခဲ့ဘဲ စပိန္ဂိုးသမားက ထြက္ဆြဲလို႔ရေပမယ့္လည္း ေဘာလုံးကို လႊတ္ေပးလိုက္တာျဖစ္ၿပီး ကူကူရယ္လာကလည္း တုံ႔ဆိုင္းေနခဲ့တာေၾကာင့္ ခ်ဲလ္ဆီးအသင္း အျပစ္ေပးျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

“ဒီဂိုးကို ငါတကယ္ကို စဥ္းစားမရလို႔ ကီပါကို လုပ္ပြဲကစားတဲ့အတြက္ စုံစမ္း စစ္ေဆးေပးပါ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ကီပါက ေဘာလုံးကို မရယူဖို႔ ေ႐ြးခ်ယ္ခဲ့တာလား။ သူ လုပ္ပြဲမ်ား ကစားခဲ့တာလား”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။