ဒီခါ ပွဲပြီးမှာလည်း ကလော့ပ်ကို နှုတ်မဆက်နိုင်ဘူး လို့ ကြိုပြောလိုက်တဲ့ တီကိုနည်းပြ ဆီမြွန်နီ
လီဗာပူးနဲ့ အက်သလက်တီကိုတို့ရဲ့ မက်ဒရစ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲအပြီး အေတီကိုနည်းပြ ဆီမြွန်နီ ဟာ ကလော့ပ်ကို လက်ဆွဲ နှုတ်ဆက်ခြင်း မရှိဘဲ အဝတ်လဲခန်း အတွင်းကို တန်းဝင်သွားခဲ့ပါတယ်။ ထိုကိစ္စဟာ ပွဲပြီး ပြောစရာကြီး ဖြစ်ခဲ့သလို ဝေဖန်သုံးသပ်သူတွေ အဖြစ် လုပ်ကိုင်နေကြတဲ့ ဘောလုံးသမားဟောင်းတွေ ကပါ ဝေဖန်ခဲ့ကြပါတယ်။
ဒါပေမယ့် ဆီမြွန်နီ ကိုယ်တိုင်ကတော့ အဲဒီ ဝေဖန်မှုတွေ ကို လုံး၀ အလေးမထားပဲ ဒီည ယှဉ်ပြိုင် ကစားမယ့် အန်ဖီးလ် က ဒုတိယ အကျော့ ပွဲအပြီးမှာလဲ ကလော့ပ် ကို လက်ဆွဲ နှုတ်ဆက်မှာ မဟုတ်တဲ့ အကြောင်း အခုလို ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုသွားခဲ့ပါတယ်။

“ ကျနော် က ပွဲအပြီး လက်ဆွဲ နှုတ်ဆက်ကြတာမျိုးတွေကို သဘောမကျပါဘူး ဘာလို့လဲ ဆိုတော့ နှစ်ဖက်စလုံးက စိတ်ခံစားချက် အပြည့်နဲ့ ကွင်းထဲမှာ ယှဉ်ပြိုင် ကစားထားကြတာလေ။
ဒီကိစ္စက အင်္ဂလန်ရဲ့ အစဉ်အလာ တခုဆိုတာ ကျနော် သဘောပေါက် ပါတယ်။ ဒါပေမယ့် အဲဒီလိုမျိုေးတွ မလုပ်ချင်ပါဘူး။ စိတ်မပါပဲ နဲ့ ဟန်ဆောင်လုပ်ရတဲ့ အလုပ်မျိုးကို ကျနော်က ဘယ်တုန်းကမှ လုပ်လေ့ မရှိတာပါ။
ကလော့ပ်ဟာ ထိပ်တန်း မန်နေဂျာ တယောက် ဖြစ်သလို ၊ ရောက်တဲ့ ကလပ်တိုင်းမှာလဲ အကောင်းဆုံး တွေ လုပ်ပြခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် သူ နဲ့ ကျနော်က လူချင်းတောင် ရင်းနှီးမှု မရှိပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။
လီဗာပူး နည်းပြကြီး ကလဲ ဆီမြွန်နီ က အခုလို ပြောဆိုလာမှု အပေါ် ပွင့်ပွင့်လင်းလင်းပဲ တုန့်ပြန်လိုက်ပြီး၊ စပိန် မှာ ကစားခဲ့ ကတည်းက အဲဒီလိုမှန်း ကြိုသိခဲ့ရရင် လက်ကမ်းပေးစရာ အကြောင်းမရှိခဲ့ဘူးလို့ ပြန်လည် မှတ်ချက် ပေးသွားခဲ့ ပါတယ်။
လီဗာပူး ဟာ ချန်ပီလိဂ် မှာ မရဏ အုပ်စု အတွင်း ကျရောက်ခဲ့ပေမယ့် သုံးပွဲကစားအပြီး သုံးပွဲစလုံး အနိုင်ရကာ နောက်တဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်ထားနေပြီ ဖြစ်ပါတယ်။

ZG
လီဗာပူးနဲ႕ အက္သလက္တီကိုတို႔ရဲ႕ မက္ဒရစ္မွာ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ပြဲအၿပီး ေအတီကိုနည္းျပ ဆီႁမြန္နီ ဟာ ကေလာ့ပ္ကို လက္ဆြဲ ႏႈတ္ဆက္ျခင္း မရွိဘဲ အဝတ္လဲခန္း အတြင္းကို တန္းဝင္သြားခဲ့ပါတယ္။ ထိုကိစၥဟာ ပြဲျပီး ေျပာစရာၾကီး ျဖစ္ခဲ့သလို ေဝဖန္သုံးသပ္သူေတြ အျဖစ္ လုပ္ကိုင္ေနၾကတဲ့ ေဘာလုံးသမားေဟာင္းေတြ ကပါ ေဝဖန္ခဲ့ၾကပါတယ္။
ဒါေပမယ့္ ဆီႁမြန္နီ ကိုယ္တိုင္ကေတာ့ အဲဒီ ေဝဖန္မႈေတြ ကို လုံး၀ အေလးမထားပဲ ဒီည ယွဥ္ၿပိဳင္ ကစားမယ့္ အန္ဖီးလ္ က ဒုတိယ အေက်ာ့ ပြဲအၿပီးမွာလဲ ကေလာ့ပ္ ကို လက္ဆြဲ ႏႈတ္ဆက္မွာ မဟုတ္တဲ့ အေၾကာင္း အခုလို ပြင့္ပြင့္လင္းလင္းပဲ ေျပာဆိုသြားခဲ့ပါတယ္။
“ က်ေနာ္ က ပြဲအၿပီး လက္ဆြဲ ႏႈတ္ဆက္ၾကတာမ်ိဳးေတြကို သေဘာမက်ပါဘူး ဘာလို႔လဲ ဆိုေတာ့ ႏွစ္ဖက္စလုံးက စိတ္ခံစားခ်က္ အျပည့္နဲ႔ ကြင္းထဲမွာ ယွဥ္ၿပိဳင္ ကစားထားၾကတာေလ။
ဒီကိစၥက အဂၤလန္ရဲ႕ အစဥ္အလာ တခုဆိုတာ က်ေနာ္ သေဘာေပါက္ ပါတယ္။ ဒါေပမယ့္ အဲဒီလိုမ်ိဳေးတြ မလုပ္ခ်င္ပါဘူး။ စိတ္မပါပဲ နဲ႔ ဟန္ေဆာင္လုပ္ရတဲ့ အလုပ္မ်ိဳးကို က်ေနာ္က ဘယ္တုန္းကမွ လုပ္ေလ့ မရွိတာပါ။
ကေလာ့ပ္ဟာ ထိပ္တန္း မန္ေနဂ်ာ တေယာက္ ျဖစ္သလို ၊ ေရာက္တဲ့ ကလပ္တိုင္းမွာလဲ အေကာင္းဆုံး ေတြ လုပ္ျပခဲ့တာ မွန္ပါတယ္။ ဒါေပမယ့္ သူ နဲ႔ က်ေနာ္က လူခ်င္းေတာင္ ရင္းႏွီးမႈ မရွိပါဘူး” လို႔ ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ ပါတယ္။
လီဗာပူး နည္းျပႀကီး ကလဲ ဆီႁမြန္နီ က အခုလို ေျပာဆိုလာမႈ အေပၚ ပြင့္ပြင့္လင္းလင္းပဲ တုန႔္ျပန္လိုက္ၿပီး၊ စပိန္ မွာ ကစားခဲ့ ကတည္းက အဲဒီလိုမွန္း ႀကိဳသိခဲ့ရရင္ လက္ကမ္းေပးစရာ အေၾကာင္းမရွိခဲ့ဘူးလို႔ ျပန္လည္ မွတ္ခ်က္ ေပးသြားခဲ့ ပါတယ္။
လီဗာပူး ဟာ ခ်န္ပီလိဂ္ မွာ မရဏ အုပ္စု အတြင္း က်ေရာက္ခဲ့ေပမယ့္ သုံးပြဲကစားအၿပီး သုံးပြဲစလုံး အႏိုင္ရကာ ေနာက္တဆင့္ကို တက္ေရာက္ဖို႔ အေျခအေနေကာင္းေတြ ပိုင္ဆိုင္ထားေနၿပီ ျဖစ္ပါတယ္။