ဂိုးပြတ် အရှုံး၊ ပေါ်တာ ဘက်က ပြောပေးတဲ့ ပက်၊ တူချယ်နဲ့ ရုရှားသဌေးကို တမ်းတနေတဲ့ ပရိသတ်များနဲ့ ချဲလ်ဆီး သတင်းတိုများ

မနေ့ညက အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာတော့ ချဲလ်ဆီး အသင်းဟာ အိမ်ရှင် မန်ချက်စတာ စီးတီး အသင်းကို ၄-ဝ နဲ့ ဂိုးပြတ် အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

နည်းပြပေါ်တာရဲ့ ချဲလ်ဆီး အသင်းဟာ အခုဆိုရင် နောက်ဆုံး ကစားထားတဲ့ ၇ ပွဲမှာ တစ်ပွဲသာ အနိုင်ရထားပြီး ထိုထဲမှာ မန်စီးတီးကို ရှုံးတာက ၃ ပွဲ ပါဝင်နေပါတယ်။

ညက ပွဲမှာ ချဲလ်ဆီး အသင်း ပရိသတ်တွေကလည်း အဝေးကွင်းပွဲကြည့်စင် ဘက်ကနေ ယခင် နည်းပြဟောင်း သောမတ်စ်တူချယ်နဲ့ အသင်းပိုင်ရှင်ဟောင်း အေဗရာမိုဗစ်ချ် တို့ သီချင်းများ သီဆိုကာ ပေါ်တာကို ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ရီးရဲလ်မက်ဒရစ်၊ ချဲလ်ဆီး အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စာနေတဲ့ ခံစစ်မှူး ဂဗာဒီအိုလ်ဟာ လီဗာပူးဟာ သူ့အိမ်မက် ကလပ်ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

မူဒရစ် ကို ရရှိဖို့ လန်ဒန်ကလပ်တွေ အပြိုင်လိုက်နေရသလို ရှက်တာဒိုးနက် တိုက်စစ်သမားဟာ ချယ်ဆီးနဲ့ အာဆင်နယ်ကြား ရွေးချယ်ရာမှာ ဗျာများနေပါတယ်။

ချဲလ်ဆီး အသင်းဟာ မားကပ်တူရမ်ကို ခေါ်ယူဖို့အတွက် မိုချင်ဂလက်ဘက်နဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ၎င်းကို ခေါ်ယူရေးအတွက် အာဆင်နယ်နဲ့ လီဗာပူးကလည်း စိတ်ဝင်စားထားတာပါ။

မန်ချက်စတာ စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ နည်းပြ ပေါ်တာ အချိန်ပေးဖို့ တောင်းဆိုတာက မှန်ကန်ပြီး ချဲလ်ဆီး အသင်း အနေနဲ့ ပေါ်တာကို အချိန် တစ်ခုတော့ ပေးသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

ပေါ်တာ ကလည်း ဘရိုက်တန်ကို စတင်တာဝန်ယူတဲ့ ၂ရာသီမှာ အသင်းက အဆင့် ၁၅ နဲ့ ၁၆ သာ ရာသီသိမ်းခဲ့တာ ဖြစ်ပြီး တတိယ ရာသီမှာ အဆင့် ၉ ထိ ရောက်ခဲ့ကာ ဒီရာသီအစမှာလည်း အတော် ခြေစွာလာခဲ့တာ ဖြစ်ပါတယ်။

လီဗာပူး၊ ချဲလ်ဆီး အပါအဝင် ပရီးမီးယားလိဂ် ကလပ်တွေ အနေနဲ့ ဘရိုက်တန်ကွင်းလယ်လူ ကိုင်ဆီဒိုကို ခေါ်ယူလိုရင် ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်း ပေးရမယ်လို့ အသိပေးခံခဲ့ရပါတယ်။