မန်ယူအတွက် ချန်ပီယံလိဂ် ဖလားတောင် ယူပေးနိုင်မယ့် တိုက်စစ်မှုးကို အရ ခေါ်လိုက်စမ်းပါ လို့ တိုက်တွန်းသွားတဲ့ မာဆင်
အာဆင်နယ် ဂန္တဝင် ပေါလ် မာဆင် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းရဲ့ တိုက်စစ်မှူး ဟာလန်း ထက် ပိုကောင်းနိုင်မယ့် ပြိုင်ဖက်တိုက်စစ်မှူးကို ခေါ်ယူဖို့ ငွေတွေ ထုတ်သုံးလိုက်သင့်ကြောင်း အကြံပေး တိုက်တွန်းလိုက်ပါတယ်။
အားလင်း ဟာလန်း က နွေကမျ ဒေါ့မွန် ကနေ မန်စီးတီး အသင်းဆီ ပေါင် 51 သန်းနဲ့ ရောက်လာခဲ့တာဖြစ်ပြီး မန်ချက်စတာ အခြေစိုက် ကလပ်ဆီ ရောက်ရောက်ချင်းမှာပဲ အထူးပုံစံကောင်းတွေကို ပြသရင်း ဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ အာဆင်နယ် ဂန္တဝင် ပေါလ် မာဆင် က အကယ်လို့ မန်စီးတီး တို့သာ ဟာလန်း အရင် စိတ်ဝင်စားခဲ့ဖူးကြတဲ့ တော့တင်ဟမ် ဟော့ စပါး အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်း ကို ခေါ်ယူနိုင်ခဲ့ရင် အင်္ဂလန်သားဟာ တူညီတဲ့ ဂိုးသွင်း စွမ်းရည်အပြင် ဖန်တီးမှုတွေပါ လုပ်ဆောင်ပြနိုင်ခဲ့လိမ့်မယ်လို့ တိုက်တွန်းလိုက်ပါတယ်။

” အသင်းတွေဟာ ငွေတွေကို စိတ်ကြိုက် သုံးစွဲနေကြတဲ့ ခေတ်မျိုး ၊ တိုက်စစ်မှူးကောင်း တစ်ဦးကို ရရှိနိုင်ဖို့ ခက်ခဲတဲ့ ခေတ်မျိုးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဟယ်ရီကိန်းကို ခေါ်ယူ ရရှိနိုင်ဖို့ ငွေတွေ ထုတ်မသုံးလိုက်ရင် ကျွန်တော် အရမ်းပဲ အံ့အားသင့်မိမှာပါ ”
” ခင်ဗျား ကမ္ဘာကြီးကို လှည့်ပတ်ကြည့်လိုက်၊ ခေါင်းသုံးပြီး အသင်းရဲ့ကွန်ယက်မှန်သမျှကို ဖြန့်ကျက်ကြည့်လိုက် ၊ အဖြေက ခင်ဗျားတို့ရဲ့ အရှေ့မှာပဲ ရှိနေပါလိမ့်မယ် ။ လက်ရှိ ဈေးကွက်ထဲ ခေါ်ယူလို့ ရနိုင်တဲ့ ကစားသမားတွေထဲမှာ ကိန်း လောက်နီးနီး ကောင်းတဲ့ ကစားသမား တစ်ဦးကိုမှ ခေါ်လို့ မရနိုင်ပါဘူး ”
” အကယ်လို့ ယူနိုက်တက်တို့ မန်စီးတီးကို အမှီလိုက်ချင်ရင် ဟယ်ရီကိန်းကို ခေါ်ယူလိုက်သင့်ပါတယ် ။ လူတိုင်းက တိုက်စစ်မှူးကောင်း တစ်ဦး ရယူချင်နေပြီး ကမ္ဘာ့ အနှံ့လိုက်ရှာနေခဲ့ကြပါတယ် ။ ဒါပေမဲ့ တကယ့် တိုက်စစ်မှူးက သူတို့ အားလုံးရဲ့ အရှေ့မှာ နှစ်စဉ်နှစ်တိုင်း ပုံစံကောင်းတွေ ပြသနေခဲ့တယ်လေ ”
” လူတွေက အားလင်း ဟာလန်း အကြောင်းချည်း ပြောဆိုနေခဲ့ကြပါတယ် ။ ဒါပေမဲ့ ကျွန်တော့် အတွက်ကတော့ ဟယ်ရီ ကိန်းသာ ဒီ မန်စီးတီး အသင်းမှာ ကစားပေးရရင် တူညီတဲ့ သွင်းဂိုး ပမာဏကို သွင်းယူပေးနိုင်မှာ သေချာလွန်းလှပါတယ် ။ ဒါ့အပြင် သူဟာ ဂိုးဖန်တီးမှုတွေကိုပါ လုပ်ဆောင်ပေးနိုင်ဦးမှာပါပဲ ”
” ကျွန်တော့်ကို မိုက်မဲတယ် ပြောရင် ပြောလိုက်ပါ ၊ ကျွန်တော့် အတွက်တော့ ကိန်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ချန်ပီယံလိဂ် ဖလားကိုတောင် ရအောင် ကူညီပေးနိုင်မယ့်သူလို့ပဲ မြင်မိပါတယ် ။ ” လို့ မာဆင်က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။