မက်လုံးကောင်းပေးပြီး မန်ယူနဲ့ အာဆင်နယ်ကို ကျော်ကာ ဖီးလစ်ကို အရ ခေါ်ပြလိုက်တဲ့ ချဲလ်ဆီး

ပေါ်တူဂီနဲ့ အက်သလက်တီကို မက်ဒရစ် ကြယ်ပွင့် ဂျာအို ဖီးလစ်ကို ချဲလ်ဆီးအသင်းဟာ ပြည်တွင်း ပြိုင်ဘက်တွေ ဖြစ်တဲ့ ယူနိုက်တက်၊ အာဆင်နယ်တို့အား ကျော်ဖြတ်ကာ ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ဖီးလစ်ကိုအက်သလက်တီကိုမှရာသီအကုန်အထိ အငှားဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိသွားခဲ့တာပါ။

ချဲလ်ဆီး က ပေါ်တူဂီတိုက်စစ်သမားအတွက် အက်သလက်တီကို အသင်း က တောင်းဆိုတဲ့အတိုင်းငှားရမ်းခ ပေါင်၁၀ သန်း ပေးရန်အသင့်ဖြစ်နေမှုနဲ့အတူ ခေါ်ယူရေးအတွက် သဘောတူညီမှုရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အသက်၂၃နှစ်ရှိပေါ်တူဂီစတားဟာ နည်းပြဒီယေဂိုဆီမြွန်နီနှင့် အဆင်မပြေဖြစ်ပြီးနောက် ဇန်နဝါရီအပြောင်းအရွှေ့တွင် အသင်းပြောင်းရန် တာစူနေခဲ့သူလည်း ဖြစ်ပါတယ်။

သူ့ကိုခေါ်ယူရန် မန်ချက်စတာ ယူနိုက်တက်နှင့်အာဆင်နယ်တို့ အပြိုင်ကြိုးပမ်းခဲ့ကြပေမဲ့ ယခုအခါ ချဲလ်ဆီးက လက်ဦးမှု ရယူသွားပြီဖြစ်ပါတယ်။ ချဲလ်ဆီးက ပုံမှန် ပွဲကစားခွင့် ပေးမယ် ဆိုတဲ့ မက်လုံးနဲ့ ဖီးလစ်ကို စည်းရုံးနိုင်ခဲ့တာပါ။

ချဲလ်ဆီးဟာ ဖီးလစ်ကိုအငှားဖြင့် ခေါ်ယူရာတွင် နွေရာသီတွင် ပေါင် ၇၀.၅သန်းဖြင့်အပြီးသတ်ခေါ်ယူမဲ့ အချက် ကိုလည်း ထည့်သွင်း ချုပ်ဆိုလာပါမယ်။ ကစားသမားကလည်း ဆေးစစ်ဖို့ လန်ဒန်သို့ လာနေပြီ ဖြစ်ပါတယ်။

Zawgyi – ေပၚတူဂီနဲ႕ အက္သလက္တီကို မက္ဒရစ္ ၾကယ္ပြင့္ ဂ်ာအို ဖီးလစ္ကို ခ်ဲလ္ဆီးအသင္းဟာ ျပည္တြင္း ျပိဳင္ဘက္ေတြ ျဖစ္တဲ့ ယူနိုက္တက္၊ အာဆင္နယ္တို႔အား ေက်ာ္ျဖတ္ကာ ေခၚယူရန္ သေဘာတူညီမႈ ရရွိသြားၿပီျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ ဖီးလစ္ကိုအက္သလက္တီကိုမွရာသီအကုန္အထိ အငွားျဖင့္ေခၚယူရန္ သေဘာတူညီမႈရရွိသြားခဲ့တာပါ။

ခ်ဲလ္ဆီး က ေပၚတူဂီတိုက္စစ္သမားအတြက္ အက္သလက္တီကို အသင္း က ေတာင္းဆိုတဲ့အတိုင္းငွားရမ္းခ ေပါင္၁၀ သန္း ေပးရန္အသင့္ျဖစ္ေနမႈနဲ႕အတူ ေခၚယူေရးအတြက္ သေဘာတူညီမႈရရွိသြားခဲ့တာ ျဖစ္ပါတယ္။

အသက္၂၃ႏွစ္ရွိေပၚတူဂီစတားဟာ နည္းျပဒီေယဂိုဆီႁမြန္နီႏွင့္ အဆင္မေျပျဖစ္ၿပီးေနာက္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ အသင္းေျပာင္းရန္ တာစူေနခဲ့သူလည္း ျဖစ္ပါတယ္။

သူ႕ကိုေခၚယူရန္ မန္ခ်က္စတာ ယူနိုက္တက္ႏွင့္အာဆင္နယ္တို႔ အၿပိဳင္ႀကိဳးပမ္းခဲ့ၾကေပမဲ့ ယခုအခါ ခ်ဲလ္ဆီးက လက္ဦးမႈ ရယူသြားၿပီျဖစ္ပါတယ္။ ခ်ဲလ္ဆီးက ပံုမွန္ ပြဲကစားခြင့္ ေပးမယ္ ဆိုတဲ့ မက္လံုးနဲ႕ ဖီးလစ္ကို စည္းရံုးနိုင္ခဲ့တာပါ။

ခ်ဲလ္ဆီးဟာ ဖီးလစ္ကိုအငွားျဖင့္ ေခၚယူရာတြင္ ေႏြရာသီတြင္ ေပါင္ ၇၀.၅သန္းျဖင့္အၿပီးသတ္ေခၚယူမဲ့ အခ်က္ ကိုလည္း ထည့္သြင္း ခ်ဳပ္ဆိုလာပါမယ္။ ကစားသမားကလည္း ေဆးစစ္ဖို႔ လန္ဒန္သို႔ လာေနျပီ ျဖစ္ပါတယ္။