နွေမှာ နည်းပြသစ် အဖြစ် ရောက်လာဖို့ မန်ယူအသင်းသားများ မျှော်လင့်ခြင်း ခံနေရသူ
မန်ချက်စတာ ယူနိုက်တက်ကစားသမား အများစုဟာ လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီနည်းပြ မော်ရီစီယိုပိုချက်တီနို အသင်းကို ရောက်လိမ့်မယ်လို့ ယုံကြည်နေကြတယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ နည်းပြရာ့ဖ်ရန်နစ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်ထိ ခန့်အပ်ခဲ့ပြီး အသင်းကို ၆ ပွဲတာဝန်ယူပြီး ၃ ပွဲအနိုင်ရရှိထားပါတယ်။
လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ မန်ယ စီနီယာအသင်းသားတွေဟာ လက်ရှိဂျာမန်သား နည်းပြကြီးရဲ့ နည်းစနစ်တွေနဲ့ အံမဝင် စိတ်ပျက်လက်ပျက် ဖြစ်နေကြတယ်လို့ သိရပါတယ်။ ကစားသမား အတော်များများလည်း အသင်းကနေ ထွက်ခွာဖို့ စဉ်းစားလာကြတာပါ။

ဒီအနေအထားတွေကြောင့် ကစားသမားတွေဟာ ရန်နစ်ရဲ့ ယာယီနည်းပြ ကာလပြီးဆုံးချိန်မှာ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကို မန်ယူ နည်းပြ ဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။ အာဂျင်တီးနားနည်းပြဟာ မန်ချက်စတာယူနိုက်တက်ကို တာဝန်ယူဖို့ မကြာခဏ သတင်းထွက်လေ့ရှိသူဖြစ်ပြီး ဒီအခွင့်အရေးကို လက်ခံဖို့လည်း လမ်းဖွင့်ပေးထားပါတယ်။
ပိုချက်တီနိုဟာ ၂၀၂၁ ဇန်နဝါရီကမှ ပီအက်စ်ဂျီကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၄၉ နှစ်အရွယ် နည်းပြကြီး တာဝန် ယူခဲ့ရတဲ့ ၂၀၂၀-၂၁ ရာသီဝက်မှာတော့ ပီအက်စ်ဂျီဟာ လီဂူးဝမ်းချန်ပီယံဆုကို လိုင်လီအသင်းထံ လွှဲပြောင်း ပေးခဲ့ရပါတယ်။ လီဂူးဝမ်းဖလားနဲ့ လွဲခဲ့ပေမယ့်လည်း ပြင်သစ်လိဂ်ဖလားနဲ့ ပြင်သစ်စူပါဖလားတို့ကို ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
ဒီရာသီမှာတော့ ပီအက်စ်ဂျီမှာ အံ့အားသင့်ဖွယ် အပြောင်းအရွှေ့တွေ ပြုလုပ်နိုင်ခဲ့ပြီးနောက် လီဂူးဝမ်းချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဖလားတွေကိုပါ ရယူဖို့ ပြင်ဆင်နေပါတယ်။
အာဂျင်တီးနားသားဟာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ မကြာခဏ သတင်းတွေထွက်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ကလည်း ပိုချက်တီနိုကို နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ခဲ့တဲ့ ဒီရာသီ အစောပိုင်းကတည်းက ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။

Zawgyi
မန္ခ်က္စတာ ယူႏိုက္တက္ကစားသမား အမ်ားစုဟာ လာမယ့္ေႏြရာသီမွာ ပီအက္စ္ဂ်ီနည္းျပ ေမာ္ရီစီယိုပိုခ်က္တီႏို အသင္းကို ေရာက္လိမ့္မယ္လို႔ ယုံၾကည္ေနၾကတယ္လို႔ သိရပါတယ္။ မန္ယူအသင္းဟာ နည္းျပရာ့ဖ္ရန္နစ္ကို ယာယီနည္းျပအျဖစ္ ရာသီကုန္ထိ ခန႔္အပ္ခဲ့ၿပီး အသင္းကို ၆ ပြဲတာဝန္ယူၿပီး ၃ ပြဲအႏိုင္ရရွိထားပါတယ္။
လက္ရွိ ထြက္ေပၚေနတဲ့ သတင္းေတြအရေတာ့ မန္ယ စီနီယာအသင္းသားေတြဟာ လက္ရွိဂ်ာမန္သား နည္းျပႀကီးရဲ႕ နည္းစနစ္ေတြနဲ႔ အံမဝင္ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနၾကတယ္လို႔ သိရပါတယ္။ ကစားသမား အေတာ္မ်ားမ်ားလည္း အသင္းကေန ထြက္ခြာဖို႔ စဥ္းစားလာၾကတာပါ။
ဒီအေနအထားေတြေၾကာင့္ ကစားသမားေတြဟာ ရန္နစ္ရဲ႕ ယာယီနည္းျပ ကာလၿပီးဆုံးခ်ိန္မွာ ပီအက္စ္ဂ်ီနည္းျပ ပိုခ်က္တီႏိုကို မန္ယူ နည္းျပ ျဖစ္လာဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ အာဂ်င္တီးနားနည္းျပဟာ မန္ခ်က္စတာယူႏိုက္တက္ကို တာဝန္ယူဖို႔ မၾကာခဏ သတင္းထြက္ေလ့ရွိသူျဖစ္ၿပီး ဒီအခြင့္အေရးကို လက္ခံဖို႔လည္း လမ္းဖြင့္ေပးထားပါတယ္။
ပိုခ်က္တီႏိုဟာ ၂၀၂၁ ဇန္နဝါရီကမွ ပီအက္စ္ဂ်ီကို စတင္ကိုင္တြယ္ခဲ့တာျဖစ္ၿပီး ၄၉ ႏွစ္အ႐ြယ္ နည္းျပႀကီး တာဝန္ ယူခဲ့ရတဲ့ ၂၀၂၀-၂၁ ရာသီဝက္မွာေတာ့ ပီအက္စ္ဂ်ီဟာ လီဂူးဝမ္းခ်န္ပီယံဆုကို လိုင္လီအသင္းထံ လႊဲေျပာင္း ေပးခဲ့ရပါတယ္။ လီဂူးဝမ္းဖလားနဲ႔ လြဲခဲ့ေပမယ့္လည္း ျပင္သစ္လိဂ္ဖလားနဲ႔ ျပင္သစ္စူပါဖလားတို႔ကို ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ပါတယ္။
ဒီရာသီမွာေတာ့ ပီအက္စ္ဂ်ီမွာ အံ့အားသင့္ဖြယ္ အေျပာင္းအေ႐ႊ႕ေတြ ျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္ လီဂူးဝမ္းခ်န္ပီယံဆုနဲ႔ ခ်န္ပီယံလိဂ္ဖလားေတြကိုပါ ရယူဖို႔ ျပင္ဆင္ေနပါတယ္။
အာဂ်င္တီးနားသားဟာ ပီအက္စ္ဂ်ီကေန ထြက္ခြာဖို႔ မၾကာခဏ သတင္းေတြထြက္ခဲ့ၿပီး မန္ခ်က္စတာ ယူႏိုက္တက္ ကလည္း ပိုခ်က္တီႏိုကို နည္းျပဆိုးလ္ရွားကို ထုတ္ပယ္ခဲ့တဲ့ ဒီရာသီ အေစာပိုင္းကတည္းက ေခၚယူလိုေနတာ ျဖစ္ပါတယ္။