ပစ်မှတ်ထားနေတဲ့ ဂရီးလစ်ချ်နဲ့ ဟယ်ရီကိန်း တို့ထဲက တစ်ယောက်ကိုပဲ ရွေးတော့မယ့် မန်စီးတီး

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ မန်စီးတီးအသင်းဟာ ဂျက်ဂရီးလစ်ချ်ကို ခေါ်ယူနိုင်ခဲ့ပါက ဟယ်ရီကိန်းကို ခေါ်ယူတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

အက်စ်တွန်ဗီလာအသင်းကတော့ ဂရီးလစ်ချ်အတွက် ပေါင်သန်း ၁၀၀ သတ်မှတ်ထားကာ မန်ချက်စတာညနေခင်သတင်းဌာနကတော့ ဟယ်ရီကိန်းကို ခေါ်ယူတော့မှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။

တော့တင်ဟမ်အသင်းဥက္ကဌ လီဗိုင်းကတော့ ဟယ်ရီကိန်းကို အသင်းမှာ ဆက်ထိန်းဖို့ အလိုမရှိဖြစ်ပြီး စာချုပ်သက်တမ်းကလည်း ၃ နှစ် ကျန်ရှိနေတာဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ ဂရီးလစ်ချ်ကိုသာ ခေါ်ယူနိုင်ခဲ့ပါက အင်္ဂလိပ်ဘောလုံးသမိုင်းတစ်လျှောက် ဈေးအကြီးဆုံး ကစားသမား ဖြစ်လာဖွယ်ရှိနေပါတယ်။

ကိန်းဟာ မကြာသေးခင်တုန်းကမှ တော့တင်ဟမ်ကနေ ထွက်ခွာချင်နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အစောပိုင်းသတင်းတွေအရ ကိန်းဟာ မန်စီးတီးကိုပြောင်းဖို့ အလျင်အမြန်လုပ်ဆောင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

စီးတီး တိုက်စစ်မှူး စတာလင်ကတော့ ဂရီးလစ်ချ် ရောက်လာပါက မန်စီးတီးကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အခြားတစ်ဖက်မှာလည်း မာရက်ဇ်တစ်ယောက် မန်စီးတီးကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။