အပြတ်ရှုံးတဲ့ လီဗာပူး၊ မူဒရစ်ကို ဖြတ်ခုတ်တဲ့ ချဲလ်ဆီး၊ လမ်းပတ် မိုယက်စ် ထုတ်ခံရဖို့ ရေပန်းစားခြင်းနဲ့ နံနက်ခင်း သတင်းများ

ချဲလ်ဆီးအသင်းဟာ အာဆင်နယ်တို့ နွေရာသီ ကတည်းက စိတ်ဝင်စားပြီး ခေါ်ယူဖို့ ကမ်းလှမ်းနေတဲ့ ရှက်တာဒိုးနက် တောင်ပံ ကစားသမား မူဒရစ် ကို ကြားဖြတ်ဝင်ကာ အရ ခေါ်ယူ သွားခဲ့ပါတယ်။

ချဲလ်ဆီး ဘုတ်အဖွဲ့ဝင်တွေဟာ ပိုလန် ကို သွားရောက်ကာ ရှက်တာဒိုးနက် တာဝန်ရှိသူတွေ နဲ့ သဘောတူညီမှု ရယူ ခဲ့တာ ဖြစ်ပြီး ပြောင်းရွှေ့ကြေး အလုံးစုံ ကုန်ကျမှုဟာ ယူရို သန်း ၁၀၀ နီးပါး အထိ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ မြို့ခံ ပြိုင်ဘက် မန်စီးတီး ကို အိမ်ကွင်း အိုးထရက်ဖိုဒ့် မှာ ၂-၁ နဲ့ အနိုင် ကစားခဲ့ပါတယ်။

ဒီနိုင်ပွဲဟာ အာဆင်နယ် ကို အမီလိုက်နေတဲ့ မန်စီးတီး အတွက် ထိုးနှက်ချက် ဖြစ်စေခဲ့ပြီး မန်ယူနိုက်တက် ကတော့ စီးတီး နဲ့ ၁ မှတ်ကွာတဲ့ အထိ နီးကပ်လာ နိုင်ခဲ့ ပါတယ်။

လီဗာပူး ကတော့ ဘရိုက်တန် အသင်းကို ၃-၀ နဲ့ ဂိုးပြတ် ခြေပြတ် အရေးနိမ့်ခဲ့ပါတယ်။ အခြားပွဲစဉ်တွေ မှာတော့ ဆောက်သမ်တန် က အဲဗာတန် ကို ၂-၁ ၊ နော်တင်ဟမ် ဖောရက်စ် က လက်စတာ ကို ၂-၀ ၊ ဝုဗ် က ဝက်စ်ဟမ်း ကို ၁-၀ တို့နဲ့ အသီးသီး အနိုင် ရရှိ ခဲ့ကြပါတယ်။

လက်ရှိမှာ အဲဗာတန် အသင်း နည်းပြ ဖရန့် လမ်းပတ် ဟာ ထုတ်ပယ် ခံရမယ့် နည်းပြ စာရင်းမှာ ထိပ်ဆုံးက ရေပန်းစား နေပြီး ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုရက်စ် ကလည်း ဒုတိယ နေရာကနေ အလေးပေး ခံထားရပါတယ်။

လိဒ် ယူနိုက်တက် ဟာ ဂျော်ဂျီယို ရတ်တာ ကို ဂျာမန် ကလပ် ဟော့ဟမ်ဟမ်း အသင်း ကနေ ပေါင် ၂၈ သန်း နဲ့ ခေါ်ယူ စာချုပ် လိုက်ပြီလို့ ကြေညာ သွားခဲ့ ပါတယ်။

ဘရိုက်တန် နည်းပြ ဒီဇာဘီ ဟာ ကွင်းလယ်လူ ထရိုဆတ် ကို လူစာရင်း ကနေ ချန်လှပ် ခဲ့မှုနဲ့ ပတ်သက်ပြီး သူ့ အနေနဲ့ အသင်းကိုသာ ဦးစားပေး တွေးတော စဉ်းစားရမှာ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ ပါတယ်။