သိပ်ကောင်းနေတဲ့ အာဆင်နယ်ကို ဖလား မရဘူး၊ မန်ယူနောက်မှာပဲ နေလိမ့်မယ်လို့ နဗီးလ် အံ့အားသင့်ဖွယ် ပြောဆို

ညက မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ စပါးကို အနိုင်ယူပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ကို ၈ မှတ်ပြတ်နဲ့ ဦးဆောင်နေပေမဲ့လည်း အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မှာ မဟုတ်ဘူးလို့ နဗီးလ်က အံံ့ဖွယ် ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် မန်ယူကသာ အာဆင်နယ်ရဲ့ အထက်မှာ ရပ်တည်နိုင်မှာ ဖြစ်တယ်လို့ Sky Sport ရဲ့ ဘောလုံးရေးရာ ဝေဖန်သူအဖြစ် လုပ်ကိုင် နေတဲ့ ဂယ်ရီနဗီးလ်က ဆိုလိုက်ပါတယ်။

တနင်္ဂနွေညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ဂန်းနားတွေဟာ စပါးကို လိုရစ်ရဲ့ Own Goal၊ အိုဒီဂတ်ရဲ့ သွင်းဂိုးတွေနဲ့အတူ အနိုင် ရခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ၁၈ ပွဲမှာ ၁၅ ပွဲအထိ နိုင်ပွဲ စု ဆောင်းနိုင်ခဲ့ပြီဖြစ်ပြီး တစ်ပွဲပဲ ရှုံးထားပါတယ်။

ဒါပေမဲ့ ဂန်းနားတွေ ဘယ် လောက်ကောင်းကောင်း မန်ချက်စတာ ဒါဘီမှာ လက်ရှိချန်ပီယံ မန်စီးတီးကို အပြတ် ဖြုတ်ခဲ့တဲ့ မန်ယူကပဲ အာဆင်နယ်ကို ကျော်တက် နိုင်မှာဖြစ်ပြီး အာဆင်နယ်တို့ဟာ ဖလားရမှာ မဟုတ်ဘူးလို့ သရဲနီ တပ်သားဟောင်း ဂယ်ရီနဗီးလ်က ဆိုပါတယ်။

” အာဆင်နယ် ကောင်းနေပေမယ့် သူတို့ ပရီးမီးယားလိဂ် ဖလား ရမှာ မဟုတ်ပါဘူး။ မန်စီးတီးကပဲ ချန်ပီယံဖြစ်မှာပါ။ မန်ယူကတော့ ဒုတိယ နေရာ ကနေပြီး ရာသီသိမ်းလိမ့်မယ် လို့ ကျွန်တော်ထင်တယ်။

ဒါကိုတော့ အာဆင်နယ် ပရိသတ်တွေက အမြင် ကပ်မယ်ဆိုတာ ကျွန်တော် သိပါတယ်။ အာဆင်နယ် ချန်ပီယံဖြစ်မယ် ဆိုတာထက်မန်စီးတီးကို ကျွန်တော်က ပိုနှစ်သက်တာ။

ဒီနှစ်ကတော့ ပရီးမီးယား လိဂ်အတွက် တကယ့်ကို မယုံနိုင်စရာ အပြောင်းအလဲတွေ ဖြစ်လာမယ့် နှစ် ပေါ့ဗျာ။ ပရီးမီးယားလိဂ်ကို ကြည့်နေရတာဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ လီဗာပူးက လွဲရင်ပေါ့လေ မန်စီးတီးပဲ သိမ်းကျုံးယူတာ ကျွန်တော်တို့ မြင်ခဲ့ရ တာပဲလေ။

အာဆင်နယ် ဖလားရနိုင်တယ်ဆိုတာကို စဉ်းစားဖို့ကတော့ အဲ ဒါမျိုးက ဒီလိဂ်ပြိုင်ပွဲကို ပိုပြီး ကြွလာစေတာမျိုးပေါ့။ မန်ယူကိုလည်း ကျွန်တော် ဖလားရစေချင်တာပါ။ ဒါပေမဲ့ ဒီရာသီမှာတော့ မဖြစ်နိုင်လောက်တော့ဘူးလို့ ကျွန်တော် ထင်တယ်။ ” လို့ ဂယ်ရီနဗီးလ်က လန်ဒန်ဒါဘီပွဲအပြီးမှာ ပြောဆိုသွားခဲ့တာပါ။

မန်စီးတီးဟာ အာဆင်နယ်ထက် ကစားသမားစုဖွဲ့မှု အပိုင်းမှာ ပိုပြီး တောင့်တင်းတာမျိုး ဖြစ်တဲ့အတွက် လက်ကျန် ရာသီဝက်မှာ နည်းပြဂွါဒီယိုလာရဲ့အသင်းက အားသာချက်တွေရှိနေတယ်လို့ မန်ယူနောက် ခံလူဟောင်းက သုံးသပ် သွားခဲ့ပါတယ်။