တောင်ပံ ပစ်မှတ်၊ နည်းဗျူဟာအမှား တစ်ခု အကြောင်း ပြောတဲ့ တန်ဟက်၊ နဗီး သုံးသပ်မှုနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ စုစည်းမှု
သရဲနီဟောင်းကြီး ဂယ်ရီ နဗီးလ် က အာဆင်နယ် ဇယား ထိပ်မှာ ၈ မှတ် ဖြတ်ထားပေမယ့် ရာသီကုန်ရင် မန်ချက်စတာ ယူနိုက်တက် နောက် အဆင့် ၃ နေရာမှာပဲ ရပ်တည်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် အသင်းတို့ဟာ ရီးရဲလ်ဘက်တစ် တောင်ပံ တိုက်စစ်သမား Luiz Henrique ကို အပြိုင် စိတ်ဝင်စားနေကြောင်း သတင်းထွက်လာပါတယ်။
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးသစ် ဗက်ဟောက်စ် ဟာ အသင်းဖော်သစ်တွေနဲ့ အတူ ထရိန်နင် စ ဆင်းနေပြီ ဖြစ်ပါတယ်။ နည်းပြ တန်ဟက်ကတော့ ဗက်ဟောက်စ်ရဲ့ ကွာလတီတွေအကြောင်း အင်တာဗျူးမှာ ချီးကျူးထားပါတယ်။

အာဆင်နယ် နည်းပြ အာတီတာက စပါးကို အနိုင်ယူပြီးနောက် နောက်အပတ် မန်ချက်စတာ ယူနိုက်တက်ကိုလည်း အနိုင် ကစားမယ်လို့ ကြွေးကြော်သွားပါတယ်။
တန်ဟက် က မန်ချက်စတာ ဒါဘီမှာ နည်းစနစ်ပိုင်း ဆုံးဖြတ်ချက် တစ်ခု ကျရှုံးခဲ့ကြောင်း ထုတ်ဖော် ဝန်ခံခဲ့ပါတယ်။
” ကျနော်တို့ မာရှယ်ကို လူစားလဲခဲ့ရတယ်။ အန်တိုနီ ကို တိုက်စစ်မှုး တစ်ယောက် အနေနဲ့ ထား ကစားခဲ့တာပါ။ အဲဒါက အလုပ် မဖြစ်ခဲ့ဘူး၊ သူက ညာတောင်ပံမှာ ပိုကောင်းတာပါ။ ” လို့ တန်ဟက်က ဆိုခဲ့တာပါ။
မနေ့ညက ပွဲမှာ နယူးကာဆယ်က ဖူလ်ဟမ် ကို တစ်ဂိုးတည်းနဲ့ ခက်ခက်ခဲခဲ အနိုင်ယူပြီး အမှတ်ပြည့် ရသွား တာကြောင့် ယူနိုက်တက်ရဲ့ အဆင့် ၃ နေရာကို ပြန်ယူသွားခဲ့ပါတယ်။