ပရီးမီးယားလိဂ် ချန်ပီယံအသစ် ပြောင်းလဲ ခန့်မှန်းလာတဲ့ စူပါကွန်ပျူတာရဲ့ နောက်ဆုံး တွက်ချက်မှု

အသင်းတွေရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေ အပေါ် အခြေခံ တွက်ချက်တဲ့ FiveThirtyEight ရဲ့ စူပါကွန်ပျူတာက ဒီ ရာသီ ပထမဆုံး အကြိမ် အဖြစ် အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ်လို့ ခန့်မှန်း တွက်ထုတ်လိုက်ပြီ ဖြစ်ပါတယ်။

အာဆင်နယ် တောက်လျောက် အမှတ်ပေးဇယားကို ဦးဆောင်ထားခဲ့သည့်တိုင် စူပါကွန်ပျူတာက မန်ချက်စတာ စီးတီးကိုပဲ ချန်ပီယံ အဖြစ် ဒီရာသီ အမြဲ အဖြေထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီအပတ် မန်ချက်စတာ ဒါဘီမှာ မန်စီးတီး ရှုံးနိမ့်ပြီး အာဆင်နယ်က စပါးကို အနိုင်ခဲ့ပြီးနောက်မှာ စူပါကွန်ပျူတာ အဖြေက စတင် ပြောင်းလဲလာပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးအသင်းကို ချန်ပီယံလိဂ် ဝင်ခွင့် အပြင်မှာပဲ ရာသီသိမ်းမယ် လို့ ဆိုထားပြီး ခြေကောင်းလာနေတဲ့ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်ကိုတော့ အဆင့် ၃ လို့ပဲ စူပါကွန်ပျူတာက ဆိုပါတယ်။

နည်းပြ ပေါ်တာရဲ့ ချယ်ဆီးအသင်းကိုတော့ အဆင့် ၈ လို့ တွက်ချက်ထားပြီး ကွန်တီရဲ့ စပါးကတော့ ချယ်ဆီးရှေ့ အဆင့် ၇ မှာ ဖြစ်မယ်လို့ ဖော်ပြထားပါတယ်။

FiveThirtyEight စူပါကွန်ပျူတာရဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ ထွက်လာတဲ့ နောက်ဆုံး တွက်ချက်မှုမှာ အမှတ်ပေးဇယား ရပ်တည်မှုတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ရာသီကုန်ရင် တန်းဆင်းရမယ့် သုံးသင်းကတော့ ဆောက်သန်တန်၊ အဲဗာတန်နဲ့ ဘုန်းမောက် တို့ ဖြစ်တယ်လို့ ဆိုပါတယ်။