ဘရိုက်တန် အသင်းသား ၂ဦးကို ချိန်ရွယ်ခြင်း၊ တူချယ်ကို ခေါ်ချင်တဲ့ ဝက်စ်ဟမ်း၊ ဗလင်စီယာ ကွင်းလယ်လူနဲ့ ချဲလ်ဆီး သတင်းများ စုစည်းမှု
ချဲလ်ဆီး အသင်းဟာ ဇန်နဝါရီ ဈေးကွက်မှာ ဘတ်ဒီရာရှီ၊ ဖိုဖာနာ၊ ဖီလစ်အပြင် မူဒရစ်ကို ရခဲ့ပြီးဖြစ်ပေမယ့် နောက်ထပ် ကစားသမား ခေါ်ယူမှုတွေ လုပ်ဦးမှာ လို့ သိရပါတယ်။
လက်ရှိ ချိန်ရွယ်နေတာကတော့ ပေါ်တာရဲ့ တပည့်ကျော်တွေ ဖြစ်တဲ့ ဘရိုက်တန်မှ ထရိုဇတ်နဲ့ ကိုင်ဆီဒိုတို့ ဖြစ်ပါတယ်။
ချဲလ်ဆီး ဟာ မူဒရစ် အတွက် အာဆင်နယ်ရဲ့ ကြိုးပမ်းမှုကို အောင်မြင်စွာ ကြားဖြတ်နိုင်ခဲ့ပြီး ဂန်းနားတွေရဲ့ လစာ ကမ်းလှမ်းမှုထက် ၂ဆပေး ခေါ်ယူခဲ့ပါတယ်။

ချဲလ်ဆီး၊ အာဆင်နယ်နဲ့ အင်တာမီလန် အသင်းတို့ဟာ ဗလင်စီယာ ကွင်းလယ် ကစားသမား Yunus Musah ကို အပြိုင် စောင့်ကြည့်နေကြောင်း သတင်းထောက် ရိုမန်နို က ဖော်ထုတ်ထားပါတယ်။
ချဲလ်ဆီး ကစားသမားဟောင်း အီဒင် ဟာဇက်က ရော်နယ်ဒို ပြောင်းသွားတဲ့ ဆော်ဒီကလပ် အယ်နာဆာ အသင်း နည်းပြ ရူဒီ ဂါစီယာနဲ့ အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးခဲ့ကြောင်း သတင်းထွက်ပေးလာပါတယ်။
ချဲလ်ဆီး ဟာ ဘရိုက်တန် နည်းပြ ဒီဇာဘီ နဲ့ အဆင်မပြေ ဖြစ်ပြီး ဘယ်လ်ဂျီယံ အထိ ပြန်သွားတဲ့ ကွင်းလယ်လူ လီယန်ဒရို ထရိုဆတ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ကြားသိရ ပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ လက်ရှိ နည်းပြ ဒေးဗစ်မိုယက်စ်နေရာမှာ အစားထိုးဖို့ ချဲလ်ဆီး နည်းပြဟောင်း တူချယ်နဲ့ စပါးနည်းပြဟောင်း ပိုချက်တီနို တို့ကို ရည်ရွယ်နေပါတယ်။
ချဲလ်ဆီး၊ မန်စီးတီးနဲ့ လီဗာပူးတို့ဟာ ဂျူ့ဒ်ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ အားတက်စရာ ရှိခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်း ကလပ် ရှက်တာဒိုးနက် ဟာ မူဒရစ်ခ် ကို ချဲလ်ဆီး အသင်းဆီ ရောင်းချရာကနေ ရရှိတဲ့ ပြောင်းရွှေ့ကြေး ထဲက ဒေါ်လာ ၂၅ သန်း ကို ယူကရိန်းအား လှူဒါန်း ထောက်ပံ့ သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။