ထူးခြားတဲ့ ကျောနံပါတ် ၂၇ ကို ဘာလို့ ရွေးချယ်ခဲ့သလဲ ရှင်းပြလာတဲ့ မန်ယူတိုက်စစ်မှုးသစ် ဝက်ဂ်ဟော့စ်
ယူနိုက်တက် တိုက်စစ်မှူးသစ် ဝက်ဂ်ဟော့စ်က အသင်းကိုပြောင်းလာပြီးနောက် ကျောနံပါတ် ၂၇ အင်္ကျီကို ဘာကြောင့် ယူရလဲ ဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
နယ်သာလန်သားတစ်ယောက် ယူနိုက်တက် ပစ်မှတ်အဖြစ် ထွက်ပေါ်လာချိန်မှာ အားလုံးက အံ့အား သင့်ခဲ့ကြပါတယ်။ ဒါပေမယ့် အသက် ၃၀ အရွယ်တိုက်စစ်မှူး ဟာ ယခင်ဘန်လေ အသင်းမှာတုန်းက ရုန်းကန်ခဲ့ရတာဖြစ်ပြီး ဘက်ဆစ်တပ် ကနေ ဝုလ်ဘတ်အသင်းထံ အငှားသွားကစားချိန်မှာတော့ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ဝက်ဘ်ဆိုက်နဲ့အင်တာဗျူးမှာ ဝက်ဂ်ဟော့စ်က ကျောနံပတ် နဲ့ပတ်သက်ပြီး အခုလို ဖြေကြားခဲ့ပါတယ်။

“မှန်ပါတယ်။ ကျွန်တော် လွတ်နေတဲ့ကျောနံပတ်တွေထဲက တခုကိုကြည့်ခဲ့ပါတယ်။ ၂ နဲ့ ၇ က ၉ ဖြစ်စေပါတယ။် ဒါက တိုက်စစ်မှူး နံပါတ်ပါ။ ကျွန်တော် အဲ့လိုခံစားရတာကြောင့်ပါ”လို့ ပြောကြားခဲ့ပါတယ်။
အဆိုပါ ကျောနံပါတ်ကို တဲလက်စ်က ရယူထားတာဖြစ်ပြီး ဘရာဇီးသားက လက်ရှိဆီဗီလာ အသင်းမှာ အငှား ကစားနေတာကြောင့် ဝီလ်ဟော့စ်ကို အဆိုပါကျောနံပတ်ပေးခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် ဒီကိုရောက်လာတော့ ဒီကျောနံပတ်က တယ်လက်စ်နံပတ်ဆိုတာကို သိလိုက်ရပါတယ်။ သူကလက်ရှိမှာ အငှားထွက် ကစားနေတာပါ။ ကျွန်တော် သူ့ကိုအရင်မေးပြီး သူက အိုကေတယ်ဆိုမှ ကျွန်တော်ယူခဲ့တာပါ။ အဲ့ဒီ အတွက်လည်း သူ့ကိုကျေးဇူးတင်ပါတယ်။ အခုတော့ ကျောနံပတ် ၂၇ ရလို့ ကျွန်တော် ခံစားချက်ကောင်းနေပါတယ်”လို့ ဝက်ဂ်ဟော့စ်က ပြောကြားခဲ့ပါတယ်။
လက်ရှိကျောနံပါတ် ၂၇ ကို ယူနိုက်တက်မှာ ဆေးလ်ဗားစထရီ၊ မာချီဒါ၊ ဖယ်လိုင်နီတို့ ဝတ်ဆင်ခဲ့တာဖြစ်ပြီး ဝက်ဂ်ဟော့စ်က ယနေ့ည ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ မန်ယူအသင်းနဲ့ အတူ ပထမဆုံး အကြိမ် ပါဝင်လာဖွယ် ရှိနေပါတယ်။