ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုး ဆိုတာကို သွင်းဂိုးတွေနဲ့ပဲ သက်သေပြနေတဲ့ လီဝန်ဒေါစကီး
မနေ့ညက ဘင်ဖီကာကို ၅-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲမှာ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးက ထုံးစံအတိုင်း ဂိုးသွင်းနိုင်ခဲ့ပြီး ဟက်ထရစ်ပါ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၄) ပွဲကစားပြီးချိန်မှာ (၄) ပွဲနိုင်နဲ့အတူ နောက်တစ်ဆင့်အတွက် သေချာသွားခဲ့ပါပြီ။

မနေ့က ဘင်ဖီကာနဲ့ပွဲဟာ လီဝန်ဒေါစကီးအတွက် ချန်ပီယံလိဂ် ပွဲ (၁၀၀) ပြည့်ဖြစ်ခဲ့ပြီး ဒီပွဲမှာပဲ လီဝန်ဒေါစကီးက ဟက်ထရစ်သွင်း ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ချန်ပီယံလိဂ် သွင်းဂိုးကလည်း (၈၁) ဂိုးအထိ ရှိလာခဲ့တာပါ။
ရော်နယ်ဒိုက ချန်ပီယံလိဂ်ပွဲပေါင်း (၁၈၀) မှာ (၁၃၉) ဂိုးသွင်း၊ မက်ဆီက ချန်ပီယံလိဂ် (၁၅၂) ပွဲမှာ (၁၂၃) ဂိုးသွင်းယူထားတာဖြစ်ပြီး ကစားတဲ့ပွဲအရေအတွက်နဲ့ သွင်းဂိုးကို အချိုးချလိုက်ရင်တော့ လီဝန်ဒေါစကီးရဲ့ စံချိန်က ဒီနှစ်ယောက်လုံးထက် ပိုကောင်းနေပါတယ်။
ချန်ပီယံလိဂ်သွင်းဂိုး (၈၀) ပြည့်ဖို့အတွက် လီဝန်ဒေါစကီးက ပွဲ (၁၀၀) သာ ကစားခဲ့ရပြီး မက်ဆီက (၁၀၂) ပွဲ၊ ရော်နယ်ဒိုက (၁၁၆) ပွဲ ကစားခဲ့ရတာပါ။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း လီဝန်ဒေါစကီးရဲ့ ဟက်ထရစ်က (၄) ကြိမ်အထိရှိလာပြီး သူ့ထက် ဟက်ထရစ် ပိုရထားတာ ဆိုလို့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ (၈) ကြိမ်စီ ရရှိထားတာပဲ ဖြစ်ပါတယ်။

ZG
မေန႔ညက ဘင္ဖီကာကို ၅-၂ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စု ပြဲမွာ ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မႉး လီဝန္ေဒါစကီးက ထုံးစံအတိုင္း ဂိုးသြင္းႏိုင္ခဲ့ၿပီး ဟက္ထရစ္ပါ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္ဟာ ဒီႏိုင္ပြဲေၾကာင့္ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ (၄) ပြဲကစားၿပီးခ်ိန္မွာ (၄) ပြဲႏိုင္နဲ႔အတူ ေနာက္တစ္ဆင့္အတြက္ ေသခ်ာသြားခဲ့ပါၿပီ။
မေန႔က ဘင္ဖီကာနဲ႔ပြဲဟာ လီဝန္ေဒါစကီးအတြက္ ခ်န္ပီယံလိဂ္ ပြဲ (၁၀၀) ျပည့္ျဖစ္ခဲ့ၿပီး ဒီပြဲမွာပဲ လီဝန္ေဒါစကီးက ဟက္ထရစ္သြင္း ေျခစြမ္းျပႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ ခ်န္ပီယံလိဂ္ သြင္းဂိုးကလည္း (၈၁) ဂိုးအထိ ရွိလာခဲ့တာပါ။
ေရာ္နယ္ဒိုက ခ်န္ပီယံလိဂ္ပြဲေပါင္း (၁၈၀) မွာ (၁၃၉) ဂိုးသြင္း၊ မက္ဆီက ခ်န္ပီယံလိဂ္ (၁၅၂) ပြဲမွာ (၁၂၃) ဂိုးသြင္းယူထားတာျဖစ္ၿပီး ကစားတဲ့ပြဲအေရအတြက္နဲ႔ သြင္းဂိုးကို အခ်ိဳးခ်လိုက္ရင္ေတာ့ လီဝန္ေဒါစကီးရဲ႕ စံခ်ိန္က ဒီႏွစ္ေယာက္လုံးထက္ ပိုေကာင္းေနပါတယ္။
ခ်န္ပီယံလိဂ္သြင္းဂိုး (၈၀) ျပည့္ဖို႔အတြက္ လီဝန္ေဒါစကီးက ပြဲ (၁၀၀) သာ ကစားခဲ့ရၿပီး မက္ဆီက (၁၀၂) ပြဲ၊ ေရာ္နယ္ဒိုက (၁၁၆) ပြဲ ကစားခဲ့ရတာပါ။
ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း လီဝန္ေဒါစကီးရဲ႕ ဟက္ထရစ္က (၄) ႀကိမ္အထိရွိလာၿပီး သူ႔ထက္ ဟက္ထရစ္ ပိုရထားတာ ဆိုလို႔ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ (၈) ႀကိမ္စီ ရရွိထားတာပဲ ျဖစ္ပါတယ္။