ကစားသမားသစ်တွေ ရတဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်၊ အာတီတာ ချိန်နေတဲ့ တိုက်စစ်နဲ့ ထူးခြား အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ် အသင်းဟာ ဘရိုက်တန် မှာ နည်းပြ နဲ့ အဆင်မပြေ ဖြစ်နေတဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် ထရိုဆတ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ ပါပြီ။ ထရိုဆတ် ဟာ ဒီကနေ့မှာ အာဆင်နယ် နဲ့ ဆေးစစ်မှာ ဖြစ်ပြီး ၂၀၂၆ သို့ ၂၀၂၇ အထိ သက်တမ်းရှိမယ့် စာချုပ်ကို ချုပ်ဆို သွားမယ်လို့ သိရပါတယ်။

ဘိုင်ယန်မြုးနစ် အသင်းကလည်း လိုက်ပ်ဇစ် ကွင်းလယ်လူ ကိုနတ် လီမာ ကို လာမယ့် ရာသီမှာ ခေါ်ယူဖို့ သဘောတူညီမှု ရရှိ သွားခဲ့ပါပြီ ။

ချဲလ်ဆီး အသင်းကလည်း PSV ကစားသမား နိုနီ မာဒူကီ ကို ယူရို ၃၅ သန်းဝန်းကျင် နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တယ်လို့ မနေ့ညပိုင်းက ဖာဘရီဇီယို ရိုမာနို က အတည်ပြု ပြောဆို သွားခဲ့ ပါတယ်။ မာဒူကီ ဟာလည်း လန်ဒန် ကို ရောက်ရှိ နေပြီ ဖြစ်ကာ ဒီနေ့မှာ ချဲလ်ဆီး နဲ့ ဆေးစစ်မှု ပြုလုပ်သွားမယ်လို့ သိရှိရ ပါတယ်။

စပိန် နာမည်ကျော် ဂျာနယ်လစ် ဂျရတ် ရိုမီရို ရဲ့ အဆိုအရ ဘာစီလိုနာ နည်းပြ ဇာဗီ ဟာ ဗီလာရီးရဲ မှာ ကစားနေတဲ့ ဒါနီ ပါရီဟို ကို ဆာဂျီယို ဘက်စကွက် ရဲ့ နေရာကို အစားထိုးဖို့ စိတ်ဝင်စား နေပြီး နွေရာသီမှာ ကမ်းလှမ်းမှု ပြုလုပ် လိမ့်မယ်လို့ သိရှိရ ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာ ဟာ ဘုန်းမောက် ရဲ့ ဂျိုင်ဒန် အန်တိုနီ ကို အသင်းရဲ့ တိုက်စစ် အစုအဖွဲ့မှာ ပေါင်းထည့်ဖို့ စိတ်ကူး ရှိနေတယ်လို့လည်း ကြားသိရ ပါတယ်။

လက်စတာ စီးတီး ရဲ့ အဓိက ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင် ဟာ ဒူးဒဏ်ရာ ကနေ ပြန်လည် သက်သာလာပြီး မကြာခင် မှာ အသင်းအတွက် ပြန်လည် ကစားပေး နိုင်တော့မယ်လို့ သတင်းကောင်း ကြားသိရ ပါတယ်။

နော်တင်ဟမ် ဖောရက်စ် အသင်းကတော့ တတိယ ဂိုးသမား လိုးရစ် ကရီးယပ်စ် ကို ၁ နှစ် သက်တမ်းတိုး လိုက်တယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ဖောရက်စ် ဟာ နယူးကာဆယ် တိုက်စစ်မှူး ခရစ်ဝုဒ် ကိုလည်း ရာသီကုန်အထိ အငှားခေါ်ယူ နိုင်ခဲ့ပါတယ် ။

ရိုးမား အသင်းကတော့ တိုက်စစ်သမားလေး နီကိုလို ဇာနီယိုလို ကို လာမယ့် နွေရာသီမှာ အရောင်းစာရင်း တင်သွားဖို့ စိတ်ကူး နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ်။

ဘက်ဆစ်တပ် အသင်းဟာ အယ်လ်နက်ဆာ တိုက်စစ်မှူးကြီး အဘူဘာကာ ကို ခေါ်ယူပြီး ၂၀၂၅ အထိ စာချုပ် ချုပ်ဆိုလိုက်ပြီလို့ သိရပါတယ်။