အာဆင်နယ်က မန်ယူကို ဂိုးပြတ်နဲ့ ကို အနိုင်ယူမှာလို့ ခန့်မှန်းသွားတဲ့ ဘီဘီစီမှ ခရစ်ဆက်တန်
အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ ထိပ်တိုက် တွေ့နေပါတယ်။ ဒီနှစ်သင်းဟာ အာဆင်နယ်တို့ရဲ့ အမ်းမရိတ်ကွင်းမှာ ဇန်နဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့ည ၁၁ နာရီမှာ ယှဉ်ပြိုင် ကြမှာပါ။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” မန်ချက်စတာ ယူနိုက်တက် နဲ့ ဒီလိုပွဲတွေ တွေ့ရင် ခြေစွမ်းပြမယ့် တစ်ယောက်ကို ပြေးမြင်မိတယ်။ မားကပ် ရက်ဖို့ဒ်က ကောင်တာ တိုက်စစ်မှာ သိပ်ကို ကောင်းတာပါ။ ဘရူနို ဖာနန်ဒက်စ်နဲ့ အဲရစ်ဆန် ကလည်း သူ့ဆီကို ဘောလုံး ပို့ပေးဖို့ အမြင်ကောင်းတွေ ရှိကြတယ်။

တဖက်မှာလည်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပဲလေ့စ်ကို သရေကျသွားတာဟာ အဲရစ်တန်ဟက် အသင်းကို ဘယ်လို သက်ရောက်မှု ရှိမလဲ တွေးနေမိတယ်။ ဒီပွဲမှာ ကွင်းလယ်က ကပ်စ်မဲရိုး မပါနိုင်ပါဘူး။
ကျနော် ဘီဘီစီ ရေဒီယိုမှာ ပြောခဲ့သလိုပါပဲ။ ယူနိုက်တက်ရဲ့ လက်ရှိ အကြီးဆုံး ပြသနာက မျှော်လင့်ချက်တွေကို ကိုင်တွယ်တဲ့ အပိုင်းပါ။ ၉ ပွဲ ဆက်တိုက် နိုင်လာတဲ့အာ သူတို့ ပရိသတ်တွေက မန်ချက်စတာ ယူနိုက်တက် ဖလား စိန်ခေါ်နိုင်ပြီလို့ စ ထင်လာကြတယ်။
ယူနိုက်တက်က စွမ်းဆောင်ရည် လယ်ဗယ် တစ်ခုမှာ ဆက်တိုက် တည်ငြိမ်စွာ အစွမ်းပြနေတယ် ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ကတော့ ဒီတစ်ရာသီလုံး စံ အနေအထားမှာ ရှိခဲ့တာ။ လိဂ်ပွဲ ၁၈ ပွဲ ကစားပြီးချိန်မှာ ၁၅ ပွဲ နိုင်ပြီး တစ်ပွဲပဲ ရှုံးထားတဲ့ အသင်း။
ဒီပွဲက ကြည့်လို့ကောင်းမယ့် ပွဲပါပဲ။ ယူနိုက်တက်ကလည်း အနားရထားတာကနေ ပြန် ပေါက်ကွဲ ပြလာလိမ့်မယ်။ အာဆင်နယ်ကလည်း အိမ်ကွင်းမှာ၊ ခုနေ ဘယ်ပြိုင်ဘက်လာလာ အနိုင် ယူနိုင်တယ် ဆိုတဲ့ ယုံကြည်မှုက အပြည့် ရှိနေတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်က ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် ၃-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။