လီဗာပူးကို မနိုင်ခဲ့ပေမယ့် ဟာဇက် လက်သစ် ကစားသမားကို ရလိုက်လို့ ချဲလ်ဆီးဖန်များ ပျော်ရွှင်နေကြ
ချဲလ်ဆီး ကစားသမားသစ် မူဒရက်ဟာ မနေ့ညက လီဗာပူးနဲ့ပွဲစဉ် ဒုတိယပိုင်းရောက်မှ လူစားဝင် အဖြစ် ကစားခဲ့ပေမဲ့ အပြာရောင် ပရိသတ်တွေကတော့ အသင်းကို ဟာဇက် ဒုတိယအကြိမ်မြော ပြန်ရောက်လာသလို ခံစားခဲ့ရတာ ဖြစ်ပါတယ်။
အသင်းပိုင်ရှင် တော့ဒ်ဘိုလေဟာ ယူကရိန်းကြယ်ပွင့်ကို အာဆင်နယ်လက်ထဲကလုယူခဲ့တာဖြစ်ပြီးရှက်တာဒိုးနက် တောင်းဆိုတဲ့ ပေါင် ၈၉ သန်းကို ပေးချေခဲ့တာဖြစ်တယ်။
ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာကတော့ မူဒရက်ရဲ့ခြေစွမ်းကိုချပြဖို့ အချိန်မဖြုန်းခဲ့သလို လီဗာပူးနဲ့ပွဲစဉ် ၅၅မိနစ် အရောက်မှာတော့ လူစားဝင်အဖြစ်အသုံးပြုခဲ့ပါတယ်။

အသက် ၂၂နှစ်အရွယ် တောင်ပံတိုက်စစ်ကစားသမားရဲ့ခြေစွမ်းက ချဲလ်ဆီးပရိသတ်တွေကို အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်က ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပေမဲ့ ယူကရိန်းလက်ရွေးစင်ဟာ ပြိုင်ဘက်ကစားသမားတွေကို အာရုံများစေခဲ့သလို ဘောလုံးပေးပို့မှု စွမ်းရည်တွေနဲ့ပက်သတ်လို့ ချီးကျူးခံခဲ့ရတာပါ။
“မူဒရက်ဟာ ဒုတိယမြောက် ဟာဇက်ပုံစံမျိုးနဲ့ ရောက်လာတာကို ကျွန်တော်တွေ့ခဲ့ရတယ်” လို့ ပရိသတ်တစ်ယောက်က တွစ်တာမှာ ချီးကျူးခဲ့ပါတယ်။
နောက် တစ်ယောက်ကတော့ “မူဒရက်က ဟာဇက်လက်သစ်ဖြစ်တယ်၊ ကျွန်တော် ဒီလိုပဲခံစားရတယ်” လို့ မှတ်ချက်ပေးခဲ့သလို
တတိယတစ်ယောက်ကတော့ “မိုင်ခေလိုမူဒရက်က ငါ့ကမ္ဘာကိုလှုပ်ခတ်စေတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။
အခြားသောပရိသတ်တွေကတော့ “မူဒရက်နဲ့ ဂျာအိုဖိလစ်ကို ကွင်းထဲမှာအတူတွေ့ဖို့အဆင်သင့်ဖြစ်နေပါပြီ” ၊
“မူဒရက်က ကမ္ဘာ့အဆင့်မီကစားသမားဖြစ်ဖို့ အရိပ်အယောင်တွေပြသထားပါတယ်၊
သူ အာဆင်နယ်ကိုမရောက်ခဲ့လို့ အရမ်းပျော်တယ်” လို့ အသီးသီးမှတ်ချက်ပေးခဲ့ကြပါတယ်။