ဒီည အာဆင်နယ် – မန်ယူ ပွဲမှာ ဖြစ်စေချင်တဲ့ ရလဒ်နဲ့ ဖြစ်လာမယ့် ဂိုးရလဒ် ကို အီဗရာ သုံးသပ် ပြောဆို
ဒီနေ့ည အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ အမ်းမရိတ်မှာ ယှဉ်ပြိုင်ကြမယ့် ပွဲစဉ် အတွက် သရဲနီဟောင်းကြီး အီဗရာကတော့ သုံးသပ် ခန့်မှန်းမှုတွေ ပြုလုပ်လာပြီ ဖြစ်ပါတယ်။
အီဗရာက – ” မန်ချက်စတာ ယူနိုက်တက်ဖြစ်နေတာမို့ ဒီပွဲမှာ အခွင့်အရေးတွေကို မြင်ပါတယ်။ သူတို့က အာဆင်နယ် ကို ကောင်တာ တိုက်စစ်ကနေ တိုက်ခိုက်နိုင်ပါတယ်။
အာဆင်နယ်က ပွဲကို လွှမ်းမိုးမှာဖြစ်ပြီး ရုတ်တရတ် ယူနိုက်တက်က သွင်းဂိုးရတဲ့အခါ အာဆင်နယ် ဒီပွဲကို မရှုံးသင့်ဘူးဆိုပြီး လူတွေ ပြောကြလိမ့်မယ်။

အဲ့လိုတွေ ပြောကြလဲ ဂရုမစိုက်ပါဘူး။ ယူနိုက်တက်က မလှမပ ကစားပြီး ပွဲတွေကို အနိုင်ယူနိုင်ပါတယ်။ အဲ့ဒါက သူတို့ လုပ်နေတာပါ။ ကျနော် ယုံကြည်မှု ရှိပါတယ်။ ယူနိုက်တက်က အာဆင်နယ်ကို နာကျင်စေနိုင်တယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ ဘောလုံး ထိန်းချုပ်ပုံအရ လူတိုင်းအတွက် ခက်ခဲပါတယ်။
ယူနိုက်တက်က အံ့ဩစရာတွေကို လုပ်နိုင်တယ်။ သူတို့က စီးတီးကိုလည်း အနိုင်ယူခဲ့ပြီးပြီ၊ ဒါပေမယ့် သူတို့ ပွဲကိုတော့ မထိန်းချုပ်နိုင်ဘူး။ အဲ့ပွဲမှာ စီးတီး ကစားပုံ မကောင်းခဲ့တာ မဟုတ်ပါဘူး။
အာဆင်နယ်က စပါးကို ကစားပုံကောင်းကောင်း ကစားခဲ့တယ်။ ယူနိုက်တက်ကလည်း စပါးနဲ့ပွဲမှာ လွှမ်းမိုးကစားခဲ့တယ်။ ဒါပေမယ့် ယူနိုက်တက် အာဆင်နယ် လုပ်သလို စပါးကို သင်ခန်းစာပေးတဲ့ အဆင့်တော့ မရောက်ခဲ့ဘူး။
ဒီပွဲမှာ ကျနော်က ယူနိုက်တက် အနိုင်ရမယ်လို့ မျှော်လင့်ထားတယ်၊ ဒါပေမယ့် ပွဲကတော့ သရေကျသွားပါလိမ့်မယ်။ ” လို့ သုံးသပ်ထားပါတယ်။
အီဗရာ ရဲ့ ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် ၂-၂ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ဒီနေ့ တနင်္ဂနွေနေ့၊ မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာပါ။