ကာမာဗင်ဂါ မလွှတ်ဘူး ဆိုတဲ့ ရီးရဲလ်၊ အာဆင်နယ်ရဲ့ တောင်ပံ ပစ်မှတ်၊ ကွင်းလယ်ရှာဆဲ ချယ်ဆီးနဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ
အာဆင်နယ်ဟာ ဘုန်းမောက်တောင်ပံကစားသမာ ဂျိုင်ဒန် အန်တိုနီအပေါ် စိတ်ဝင်စားနေပေမယ့် လက်စတာ၊ လေဗာကူဆင်၊ မိုချင်ဂလက်ဘက်တို့ရဲ့ ပြိုင်ဆိုင်မှုကို ရင်ဆိုင်နေရပါတယ်။
အဲဗာတန် အသင်းဟာ ဗီလာရီးရဲလ်ထံမှ ဒန်ဂျူးမားကို ရာသီကုန်ထိ အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရသွားပါတယ်။ အငှားစာချုပ်မှာ အပြီးသတ် ခေါ်ယူခွင့် ထည့်သွင်း မထားပါဘူး။
မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်မှူး အီလန်ဂါကို အငှားခေါ်ယူဖို့ အဲဗာတန်ရဲ့ ကမ်းလှမ်းမှုကို ပိတ်ပင် တားဆီးခဲ့ပြီး အသင်းရဲ့ တိုက်စစ်အင်အားကို ဆက်ထိန်းဖို့ ပြင်ဆင်ထားပါတယ်။
ရီးရဲမက်ဒရစ် နည်းပြကြီး အန်ဆယ်လော့တီ ကတော့ ကာမာဗင်ဂါ ကို အငှားချမယ်ဆိုတဲ့ သတင်းတွေကို လုံး၀ ငြင်းဆန် သွားခဲ့ပြီး ကာမာဗင်ဂါ ဟာ အရေးပါတဲ့ ကစားသမား ဖြစ်တယ်လို့ ပြောဆို သွားခဲ့ပါတယ်။

ချယ်ဆီးဟာ စပါးကွင်းလယ်လူ ဘစ်ဆိုမာကို ခေါ်ယူဖို့ရာ အခွင့်အရေး မရှိတာကြောင့် ဗဟိုကွင်းလယ် ကစားသမားသစ်အတွက် ဆက်လက်ရှာဖွေနေရပြီး ကိုင်ဆီဒိုအတွက် ပေါင် ၅၅ သန်းတန် ကမ်းလှမ်းမှုကလည်း ပယ်ချခံခဲ့ရပါတယ်။
နယူးကာဆယ် ကွင်းလယ်လူ ရှယ်လ်ဗေး ဟာ စပါး ကွင်းလယ်လူဟောင်း ဒယ်လီ အလီ ကစားနေတဲ့ တူရကီ ကလပ် ဘက်ဆစ်တပ် အသင်းဆီ ပြောင်းရွှေ့ဖို့ ရှိနေပါတယ်။
ချယ်ဆီးအသင်းဟာ ကွင်းလယ်လူ ဘာကာယိုကို ကို ရှင်းထုတ်ဖို့ နီးစပ်နေပြီ ဖြစ်ပေမယ့် ပေါင် ၁၃.၅သန်းလောက် အရှုံးခံရနိုင်ပါတယ်။
လီဗာပူးအသင်းဟာ ရာသီမကုန်ခင်အထိ ကွင်းလယ်လူ အာသာမယ်လိုကို ဆက်ထိန်းထားမှာဖြစ်ပြီး ဘရာဇီး ကွင်းလယ်လူဟာ မကြာခင် ဘောလုံး ပြန်ကစားနိုင်တော့မှာပါ။