အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဂျော်ဂျင်ဟို ကို ရလိုက်တဲ့ အာဆင်နယ် အသင်းရဲ့ လှုပ်ရှားမှုများ

ဂျော်ဂျင်ဟို

အဓိက ပစ်မှတ် ကိုင်စီဒို ကို ဘရိုက်တန်က မရောင်းတာကြောင့် အာဆင်နယ် အသင်းဟာ ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟို ကို ကြိုးစားလာခဲ့ကာ ပေါင် ၁၂ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရသွားပြီ ဖြစ်ပါတယ်။

အာဆ်ငနယ် နည်းပြ အာတီတာ ဟာ ဂျော်ဂျင်ဟို ရဲ့ပရိသတ် တစ်ဦး ဖြစ်ပြီး သူ့ရဲ့အရည်အသွေးတွေကို သဘောကျတာကြောင့် သတင်း အခိုင်အမာ ထွက်လာတာ ဖြစ်တယ်လို့ ရိုမာနို က ဆိုပါတယ် ။

ဘမ်ဘာ

ဒီနေ့ မနက်ပိုင်း မှာ ထွက်ပေါ် ခဲ့တဲ့ အာဆင်နယ် အသင်းဟာ ဗစ်တိုးရီးယား ဂွီမာရေစ့် ရဲ့ ကွင်းလယ်လူ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်း ရိုမာနို က ငြင်းဆို လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဘမ်ဘာ အတွက် ဆွေးနွေး ပြောဆိုမှု လုံးဝ မလုပ်ထားသလို နွေရာသီမှာ ခေါ်မယ့် အရိပ်အယောင်လည်း မရှိဘူး လို့ ရိုမာနို က အခိုင်အမာ ဆိုလိုက်တာပါ။ ဗစ်တိုးရီးယား အသင်းဟာ ဘမ်ဘာ အတွက် ယူရို ၇သန်း/၈ သန်း ရရင် ရောင်းချ သွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။

တိုင်လီမန်းစ်

အာဆင်နယ် အသင်းဟာ ကာလရှည်ကြာ ပစ်မှတ် ဖြစ်တဲ့ လက်စတာ စီးတီး ကွင်းလယ်လူ တိုင်လီမန်းစ် ကို ခေါ်မှာ ဖြစ်တယ်လို့ 90 Min က ဆိုပါတယ် ။ ဘယ်ဂျီယံ ကွင်းလယ်လူ ကလည်း အာဆင်နယ် ကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒ ရှိနေပါတယ် ။