မန်ယူ ကွင်းလယ်သစ် ဆာဘစ်ဇာ၊ အန်ဇိုကို စံချိန်တင် ခေါ်ချလိုက်တဲ့ ချယ်ဆီးနဲ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းထူးများ

ချယ်ဆီးအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးလှုပ်ရှားမှုအနေနဲ့ ဘင်ဖီကာ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ကို ပေါင် ၁၀၆.၈သန်းနဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းကလည်း ၎င်းတို့ရဲ့ ယခုဆောင်းရာသီ ပစ်မှတ် စပို့တင်း နောက်ခံအစွန်လူ ပတ်ဒရို ပါရိုကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ မန်ယူအသင်းဟာ ဘိုင်ယန်ကွင်းလယ် ဆာဘစ်ဇာ အား ရာသီကုန်ထိ အငှားနဲ့ ခေါ်ယူလိုက်ပါတယ်။

မန်ယူအသင်းက ကွင်းလယ်သမား အဲရစ်ဆန် ၃ လ နားရမှာကြောင်း ဆာဘစ်ဆာကို အသည်းအသန် ခေါ်လိုက်တာ ဖြစ်ပြီး ထို လုပ်ရပ် အတွက် ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ အလုပ်ဖြစ်ပါ့မလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ပီအက်စ်ဂျီဂိုးသမား နာဗက်စ်ဟာ ပရီးမီးယားလိဂ်ကလပ် နော့တင်ဟမ်ဖောရက်စ် အသင်းထံ အငှားပြောင်းရွှေ့ဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဒါ့အပြင် ဖောရက်စ်အသင်းဟာ နယူးကာဆယ် အသင်းမှာ နေရာမရဖြစ်နေတဲ့ ကွင်းလယ်လူ ရှယ်လ်ဗေးကိုလည်း ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်း နောက်ခံအစွန်လူ ဘယ်လာရင်ကတော့ စပို့တင်း လစ္စဘွန်းအသင်းထံ ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

အက်သလက်တီကို အသင်းဟာ စပါးအသင်းနဲ့ စာချုပ်ဖြတ်သိမ်းလိုက်တဲ့ နောက်ခံအစွန်လူ မတ် ဒိုဟာသီ ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မန်ယူအသင်းနည်းပြ တန်ဟတ်ဂ်ကတော့ ၎င်းတို့ ကွင်းလယ်လူ အဲရစ်ဆင်အပေါ် ရည်ရွယ်ချက်မရှိ ကြမ်းကြမ်း တမ်းတမ်း ဖျတ်ထုတ်ခဲ့တဲ့ ရက်ဒင်း တိုက်စစ်မှူး ကာရိုးလ်ရဲ့ လုပ်ရပ်အပေါ် စိတ်ပျက်နေပါတယ်။