မက်ဆီ နေရာ အစားထိုးဖို့ မန်ယူ တိုက်စစ်ကြယ်ပွင့်အား ပေါင် ၇၅ သန်းနဲ့ ခေါ်ဖို့ ပီအက်စ်ဂျီ ချိန်ရွယ်
လီယွန်နယ်မက်ဆီသာ လက်ရှိ စာချုပ်သက်တမ်း မတိုးခဲ့ဘူးဆိုရင် ပီအက်စ်ဂျီ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
အသက်၂၅နှစ် ရှိပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီ ယူနိုတက်နည်းပြသစ် အဲရစ်တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ခြေစွမ်းကောင်းတွေ ပြသနေပြီး အသင်းကို ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးလေးသင်း စာရင်းဝင်အောင် ကူညီထားခဲ့ပါတယ် ။ သူဟာ ဒီရာသီ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၃၁ပွဲကစားပြီးချိန်မှာ ၁၈ဂိုးသွင်း ၊ ၈ကြိမ် ဂိုးဖန်တီးမှု ပြုလုပ် ထားခဲ့ပါတယ် ။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာအစောပိုင်းမှာတော့ ယူနိုက်တက်ဟာ စာချုပ်ပါအချက်အလက်တွေအရ ရက်ရှ်ဖို့ဒ်ကို တစ်နှစ် စာချုပ်သက်တမ်းတိုးခွင့် ရထားခဲ့ပါတယ် ။ အင်္ဂလန်လက်ရွေးစင်ဟာ ၂၀၂၄နွေမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေဟာ မားကပ်စ်ရက်ရှ်ဖို့ဒ်ကို သက်တမ်းတိုးဖို့ ကြိုးစားနေကြပါတယ် ။

သရဲနီတိုက်စစ်ကစားသမားရဲ့ အိုးထရက်ဒ်ဖို့ အနာဂတ်ဟာ မသေချာမရေရာဖြစ်နေပြီး ပြင်သစ်ထိပ်သီး ပီအက်ဂျီက ရက်ရှ်ဖို့ဒ်ကို စိတ်ဝင်စားလာခဲ့ပါတယ် ။ ပီအက်စ်ဂျီဟာ လာမယ့်နွေမှာ စာချုပ်သက်တမ်းကုန်မယ့် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုဖို့ အပြင်းအထန် ကြိုးစားနေပါတယ်။
တကယ်လို့ မက်ဆီသာ ပဲရစ်မြို့ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ပီအက်စ်ဂျီဟာ လာမယ့်နွေရာသီ မှာ မားကပ်စ်ရှက်ရှ်ဖို့ဒ်ကို ယူရို၇၅သန်းနဲ့ ခေါ်ယူသွားမယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ် ။
အခုလိုကစားသမားသစ်တွေနဲ့ အသံထွက်နေပေမယ့် ပီအက်ဂျီရဲ့ ပထမဦးစားပေးဟာ မက်ဆီကို အသင်းမှာ ဆက်ထိန်းထားဖို့ ဖြစ်တယ်လို့ သိရပါတယ် ။
အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးခြောက်လထဲကို ရောက်နေပြီဖြစ်တဲ့ အာဂျင်တီးနားကပ္ပတိန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာတော့ ပီအက်စ်ဂျီနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နှုတ်နဲ့ သဘောတူညီမှု ရခဲ့ပြီးလို့ သတင်းတွေလည်း ထွက်ထားပါတယ် ။
ပီအက်စ်ဂျီ မန်နေဂျာ ဂယ်လ်တီယာဟာလည်း မက်ဆီရဲ့ အေးဂျင့်နဲ့တွေ့ဆုံပြီး စကားပြောခဲ့တယ်လို့ သိရပါတယ်။ ဂယ်လ်တီယာရဲ့ ၃-၄-၂-၁ ကစားကွက်မှာ မက်ဆီဟာ ပုံစံကောင်းတွေပြနေတာ ဖြစ်ပါတယ် ။ ကမ္ဘာ့ချန်ပီယံ Balloon d’Or ခုနစ်ထပ်ကွမ်းဆုရှင်ဟာ ဒီရာသီပြိုင်ပွဲစုံမှာ ပီအက်စ်ဂျီအတွက် ၁၄ဂိုးသွင်း ၊ ၁၄ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားခဲ့ပါတယ် ။