တန်းဆင်းဇုန်မှာ ရုန်းနေတဲ့ အဲဗာတန်ကို ရှုံးပြီးတဲ့နောက် အာဆင်နယ် အသင်းသားတွေအား အာတီတာ ဘာပြောခဲ့သလဲ

ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ဦးဆောင်သူ အာဆင်နယ် အသင်း ကတော့ ဒီတစ်ပတ်မှာ တန်းဆင်းဇုန်မှာ ရုန်းနေရတဲ့ အဲဗာတန်နဲ့ ရင်ဆိုင်ရာမှာ ရှုံးပွဲ တွေ့ သွားခဲ့ပါတယ် ။

နည်းပြသစ် ရှောင်ဒိုက် ရဲ့ အဲဗာတန် အသင်းဟာ အာဆင်နယ် အသင်းကို အကောင်းဆုံး ပုံစံ နဲ့ ယှဉ်ပြိုင် ကစားပြီး နောက်ခံလူ တာကောစကီး ရဲ့ သွင်းဂိုးနဲ့ အနိုင် ယူ သွားခဲ့တာ ဖြစ်ပါတယ် ။

ရှုံးပွဲ ကြုံတွေ ခဲ့ရပေမယ့်လည်း အာတီတာ ကတော့ သူရဲ့ အသင်းသားတွေကို အပြစ်မတင်ဘဲ ခုလို အားပေး သွားခဲ့ပါတယ် ။

” ဒီနေ့မှာ ကျနော့် အသင်းသားတွေကို ပြီးခဲ့တဲ့ အပတ် ၊ လတွေတုန်းကထက် ပိုပြီး ချစ်ပါတယ် ။ အသင်း ကောင်းကောင်း အနိုင်ရနေချိန် သူတို့ ဘေးနားမှာ ရပ်တည် ပေးရတာက လွယ်ကူပါတယ် ။ ဒီကစားသမားတွေအတွက် ကျနော် ဂုဏ်ယူ ပါတယ် ၊ သူတို့က ဂုဏ်ယူဖို့ ထိုက်တန်တဲ့ ကစားသမားတွေပါ ။ ”

” အမြဲတမ်းတော့ ပန်းခင်းလမ်းချည်း ဘယ်ဟုတ်မလဲဗျာ ၊ ရှေ့လျှောက်လည်း ခက်ခဲ ဦးမှာပါ ၊ လာမယ့် ပွဲမှာ ဒီနေ့ ပွဲထက် ပိုကောင်းအောင် ကစားနိုင်ဖို့ လိုပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ပွဲအပြီးမှာတော့ အာဆင်နယ် နည်းပြ အာတီတာ က ရှုံးပွဲ နဲ့ ပတ်သက်ပြီး ” ကျနော် တို့ ဘောလုံး ကိုင်ခွင့် အများကြီး ရခဲ့ပါတယ် ၊ ဒါပေမယ့် ကစားတာက ရည်မှန်းချက် မရှိသလိုမျိုးကို ဖြစ်နေခဲ့တာပါ ။ Final third အတွင်းမှာလည်း အရည်အသွေး ကင်းမဲ့ နေခဲ့ပါတယ် ၊ ကျနော်တို့ အခွင့်အရေးတွေ အများကြီးတော့ ဖန်တီး နိုင်ခဲ့ပါတယ် ။ ”

” ဒါပေမယ့် ကျနော်တို့ ပြိုင်ဘက် ရဲ့ သွင်းဂိုး ကို ခွင့်ပြု ခံလိုက်ရချိန်မှာ ပြိုင်ဘက် က ပွဲအရှိန်ကို လျှော့ချ လိုက်ပြီး ရုန်းကန် ခဲ့ရပါတယ် ။ သူတို့က ပြိုင်ဘက် အသင်းတိုင်းကို အရပ်အမောင်းမြင့်မားမှု ၊ ကြံ့ခိုင်မှု ပိုင်း အားသာမှု တွေနဲ့ ကစားလေ့ ရှိတဲ့ အသင်းပါ ၊ သူတို့ကို ထိန်းချုပ် ကစားချင်တယ်ဆိုရင် သူတို့ရဲ့ အားသာချက်တွေကို ထိန်းချုပ်ထားနိုင်ဖို့ လိုပါတယ် ။ ”

” အဲ့ဒီအရာကို ကျနော်တို့ မလုပ်နိုင်ခဲ့ပါဘူး ၊ ကျနော်တို့ ဒီထက် ပို အေးဆေး တည်ငြိမ်ဖို့ ပွဲကို စိတ်ပိုင်းဆိုင်ရာ အားဖြင့် ထိန်းချုပ် ကစားနိုင်ဖို့ လိုအပ် ခဲ့ပါတယ် ။ ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ လာမယ့် အပတ်မှာ ဘရန့်ဖိုဒ့် အသင်း နဲ့ ကစားရမှာ ဖြစ်ပါတယ် ။