သူ့လက်အောက် မန်ချက်စတာ ယူနိုက်တက်မှာ သဘောကျတဲ့ အချက်တွေအား တန်းစီ ထုတ်ပြောလာတဲ့ တန်ဟက်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က သူ့ရဲ့ လက်အောက်မှာ အသင်းရဲ့ တိုးတက်လာခဲ့တဲ့ အရာ 5 ခုကို နှစ်သက် သဘောကျမိကြောင်း လိဒ်စ် ယူနိုက်တက် အသင်းနဲ့ ပွဲစဉ် မတိုင်မီမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယခင်နှစ်တွေတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဝတ်လဲခန်းဟာ အဆိပ်အတောက်တွေ များခဲ့ပြီး ဆရာများခဲ့ကြပါတယ်။ ဒါ့ကြောင့် အသင်းမှာ စည်းလုံး ညီညွတ်မှု မရှိပဲ ဖြစ်သွားခဲ့ရပြီး နိုင်ပွဲတွေ ရရှိနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

အဲရစ် တန်ဟတ် က ရာသီသစ် မစတင်ခင်ကတည်းက ကစားသမားတွေကို လာရောက် လေ့လာခဲ့ပြီး နွေဈေးကွက်ထဲ မလိုအပ်တဲ့ ကစားသမားတွေကို အလွတ်ပြောင်းရွှေးကြေးနဲ့ ထွက်ခွာစေခဲ့ပါတယ်။

ဒါ့အပြင် ကစားသမား အားလုံးကို တန်းတူဆက်ဆံခဲ့ပြီး တင်းကြပ်တဲ့ စည်းကမ်းချက်တွေ သတ်မှတ်ခဲ့ကာ အခွင့်ထူးခံ လူတန်းစား မရှိရအောင် ပဲ့ပြင်ပေးသွားခဲ့ပါတယ် ။ ဒါ့အပြင် အသင်းရဲ့ကစားကွက်ကို အကျိုးပေးပြုပေးနိုင်စွမ်း နည်းပါးတဲ့ ကစားသမားတွေကိုလည်း ပွဲထွက် စာရင်းမှ ချန်လှပ်ခဲ့ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရလဒ်ကောင်းတွေ ရရှိနေခဲ့ပြီး ကစားနေခဲ့တဲ့ ပြိုင်ပွဲစုံ 4 ခုလုံးမှာ ကျန်ရစ်နေသေးတဲ့ တစ်ခုတည်းသော ပရီးမီးယားလိဂ် ကလပ် ဖြစ်နေခဲ့ပါပြီ ။ အခုတော့ အဲရစ် တန်ဟတ် က အသင်းမှာ သဘောကျမိတဲ့ အချက် ၅ ချက်ကိုထုတ်ပြောလိုက်ပါတယ် ။

” ကျွန်တော်ဟာ ဒီအသင်း၊ ဒီကစားသမားတွေနဲ့ အချိတ်အဆက် မိနေပြီလို့ ခံစားနေရပါတယ် ။ ကျွန်တော်တို့ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ရိုးရာ ယဉ်ကျေးမှုတွေအောက် စည်းလုံးညီညွတ်နေကြပါပြီ ။ ကျွန်တော်တို့ လူညီနေပြီလို့ ခံစားနေရပါပြီ ”

” အသင်းဟာ တိုးတက်နေပါပြီ ။ အသင်းရဲ့ ယဉ်ကျေးမှုက အနိုင်ယူဖို့ ခက်ခဲနေပါပြီ ။ ကျွန်တော်တို့ ပွဲစဉ်တွေကို အနိုင် ကစားနိုင်ခဲ့ပါပြီ ။ ကျွန်တော်တို့ဟာ ယူနိုက်တက်နည်း ၊ ယူနိုက်တက်ဟန် နဲ့ အတူတကွ ရှိနေခဲ့ပါပြီ ။ နောက်ပြီး ဖိအားပေး တိုက်စစ်ဆင် ကစားနိုင်ခဲ့ကြပါပြီ ”

” ကျွန်တော်တို့ရဲ့ အသင်းမှာ တာဝန်ယူလိုစိတ်တွေရှိကြတဲ့ ကစားသမားတွေကိုပဲ လိုအပ်ပြီး အဝတ်လဲခန်းထဲမှာလည်း မှန်ကန်တဲ့ စရိုက် လက္ခဏာ ရှိသူတွေကိုပဲ လိုအပ်ပါတယ် ” လို့ အဲရစ် တန်ဟတ် က ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ် ။