အင်္ဂလန်အသင်းတွေရဲ့ နိုင်ပွဲ၊ ပျားတုပ်ဖို့ရှိတဲ့ မန်ယူ၊ ရီးရဲလ် ဂိုး ၁၀၀၀နဲ့ နံနက်ခင်း သတင်းများ
လီဗာပူးအသင်းဟာ ဂျိုတာ ၁၃ မိနစ် မာနေး ၂၁ မိနစ် သွင်းဂိုးတွေနဲ့အတူ ၂-၀ ရလဒ်ဖြင့် အသက်လက်တီကိုကို အနိုင်ယူပြီး နောက်တစ်ဆင့်ကို တတ်လှမ်းသွားပါတယ်။
မန်စီးတီးဟာ အယ်တီဟတ်မှာ ဖိုဒန် ၁၅မိနစ် မာရက်ဇ် ၅၄မိနစ် စတာလင် ၇၂မိနစ် ဂျေဇူး ၉၀+၂မိနစ်သွင်းဂိုးတွေဖြင့် နိုင်ပွဲပြန်ယူပြီး (၂)ပွဲဆက်တိုက် အရေးနိမ့်ထားမှုကနေ အကောင်းဆုံး ရုန်းထွက်ပြခဲ့ပါတယ်။
ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်(၄) ပွဲပြီးရလဒ်များ
လိုက်ပ်ဇစ် 2-2 ပီအက်စ်ဂျီ
ရှာရစ်ဖ် 1-3 အင်တာမီလန်
ဒေါ့မွန် 1-3 အေဂျက်စ်
စပို့တင်းလစ္စဘွန်း 4-0 ဘက်ဆစ်တက်
အေစီမီလန် 1-1 ပေါ်တို
ရီးယဲလ်မက်ဒရစ် 2-1 ရှက်တာဒိုးနက်

ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် သမိုင်းမှာ သွင်းဂိုး ၁၀၀၀ ပြည့်တဲ့ ပထမဆုံး အသင်း ဖြစ်လာခဲ့ပြီး အဆိုပါဂိုး ကိုတော့ ဘန်ဇီးမား က သွင်းယူပေးခဲ့တာပါ။
ခံစစ်မှူး ရာဖေး ဗာရန်း ဟာ ၃ ပတ်ကနေ ၄ ပတ်အထိ အနားယူရတော့မယ်လို့ သိရပါတယ်။ ခံစစ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေပြီး ပွဲတိုင်းဂိုးပေးနေရချိန်မှာ ဒီသတင်းဟာ ယူနိုက်တက် ပရိသတ်တွေ အတွက် စိတ်ပျက်စရာ ဖြစ်စေခဲ့မှာပါ။
ဇာဗီသာ ဘာစီလိုနာ နည်းပြ ဖြစ်လာရင် အရင်ဆုံး ခေါ်ယူချင်တဲ့ ပစ်မှတ် ၄ ဦးထဲမှာ ပေါ့ဘာ ပါဝင်နေကြောင်း သိရပါတယ်။ ပေါ့ဘာနဲ့ ယူနိုက်တက် စာချုပ်ကလည်း ရာသီကုန် ရင် ကုန်ဆုံးမှာ ဖြစ်တာကြောင့် ဇာဗီက ပြင်သစ်သားကို ကြိုးစားလိုနေပါတယ်။
ပေါ့ဘာ အပြင် ဇာဗီရဲ့ ပစ်မှတ်တွေကတော့ ဒေါ့မွန် ကြယ်ပွင့် ဟာလန်း၊ ဒန်နီ အိုလ်မိုနဲ့ ဂျူးလက်စ် ကွန်ဒဲလ်တို့ ဖြစ်ကြပါတယ်။

နည်းပြသစ် ကွန်တီ ရောက်လာပြီးတဲ့နောက် တိုက်စစ်မှုး ကိန်းဟာ တော့တင်ဟမ် စပါးအသင်းမှာပဲ ဆက်လက် ကစားလိုနေကြောင်း သိရပါတယ်။ အင်္ဂလန်သားဟာ နည်းပြ နူနို ရှိစဉ် ပြီးခဲ့တဲ့နွေက အသင်းပြောင်းဖို့ ကြိုးစားခဲ့ပါတယ်။
ပီအက်စ်ဂျီအနေနဲ့ တိုက်စစ်မူှးအမ်ဘာပေသာ ထွက်သွားခဲ့ရင် ဖီအိုရင်တီးနားတိုက်စစ်မူှး ဗလာဟိုဗစ်နဲ့ ပြန်လည်အစားထိုးသွားမှာဖြစ်ကြောင်း Le10Sports က ဖော်ပြထားပါတယ်။ ပီအက်စ်ဂျီအနေနဲ့ ဗလာဟိုဗစ်ကို တခြားအသင်းတွေထက်ယှဉ်ပြီး လက်ဦးမှု ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။
အဲရစ်ဆန် က နှလုံးစက် တပ်လိုက်တာကြောင့် စီးရီးအေးမှာ ဆက် ကစားဖို့ မဖြစ်နိုင်တော့ပါဘူး။ အိုနာနာ ကို အင်တာက စိတ်ဝင်စားနေတာကြောင့် အဲရစ်ဆန် အပြင် ပြောင်းရွှေ့ကြေး အလိုက်ပေးကာ ကမ်းလှမ်းလိုနေပါတယ်။
မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးက ကွင်းလယ်လူ ပေါ့ဂ်ဘာကို ဝေဖန်ခဲ့ပြီး ပေါ့ဂ်ဘာအနေနဲ့ ၃၅ နှစ်အရွယ်မှာတောင် ရူးနှမ်းတဲ့လုပ်ရပ်တွေကို ဆက်ပြီးလုပ်နေဦးမှာဖြစ်ကြောင်း၊ပေါ့ဂ်ဘာအနေနဲ့ အာရုံစူးစိုက်မှုအားနည်းနေကြောင်း ဝေဖန်ခဲ့ပါတယ်။