အာဆင်နယ် ဂိုးသမား ရမ်စ်ဒဲလ် လက်စွမ်းက အီဒါဆန် လို အဆင့်လို့ ချီးကျူးလိုက်သူ
ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ရှက်ဖီးယူနိုက်တက် အသင်းကနေ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ နဲ့ ရောက်ရှိလာတဲ့ အာရွန် ရမ်စ်ဒဲလ် ဟာ အာဆင်နယ် အတွက် စတင် ပွဲထွက်ခွင့် ရတဲ့ အချိန်ကတည်းက လက်စွမ်းကောင်းတွေ ပြသနေသူပါ။
ခရစ္စတယ်ပဲလေစ့် ဥက္ကဌဟောင်း ဆိုင်မွန်ဂျော်ဒန် က ရမ်စ်ဒဲလ် ဟာ စွမ်းဆောင်ရည် သိပ်ကောင်းလွန်းပြီး မန်စီးတီးရဲ့ အီဒါဆန် အဆင့်လောက် ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။

” သူ(ရမ်စ်ဒဲလ်) က စနေနေ့ ကစားခဲ့တဲ့ ပွဲမှာ အံ့ဖွယ် လက်စွမ်း ပြခဲ့ပါတယ်၊ ဖရီးကစ်ကို အံ့ဖွယ် ကာကွယ်ပြနိုင် ခဲ့ရုံတင် မကပါဘူး ၊ တခြားသော ကန်သွင်းချက် များစွာကိုလည်း လက်စွမ်းပြ ကာကွယ် ခဲ့ပါတယ် ။ ”
” သူ့ရဲ့ ဘောလုံး ဖြန့်ဝေမှုက ဂျော်ဒန် ပစ်ဖိုဒ့် ထက် ပိုသာလွန် ကောင်းမွန်ပါတယ် ၊ ပစ်ဖိုဒ့် နဲ့ မတူတဲ့ အဆင့် တစ်ခုမှာ ရှိနေတယ်လို့ မြင်ပါတယ် ။ သူက အီဒါဆန် တို့နဲ့ အဆင့်အတန်းတူ အနေအထားမှာ ရှိနေပါတယ် ။ ” လို့ ဆိုင်မွန်ဂျော်ဒန်က ချီးကျူးခဲ့ပါတယ်။
ရမ်စ်ဒဲလ် ဟာ အာဆင်နယ် အတွက် ၈ ပွဲ ပွဲထွက် ကစားရာမှာ clean-sheet ၅ ပွဲ အထိ ရယူထားနိုင်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ လက်စတာ နဲ့ ပွဲမှာလည်း ရမ်စ်ဒဲလ် ဟာ ဂိုးပေါက် ကာကွယ်မှု ၈ ကြိမ် အထိ ပြုလုပ်ပြီး Man of the match ဆုကို ထိုက်ထိုက်တန်တန် ရသွားခဲ့ပါတယ်။
လက်စတာ နဲ့ ပွဲက မက်ဒီဆင် ရဲ့ ဖရီးကစ်ကို ရမ်စ်ဒဲလ် ရဲ့ ကာကွယ်ပုံဟာ ပရိသတ်တွေကြား အတော်လေး အပြောများခဲ့ပြီး ဂန္တဝင် ဂိုးသမားကြီးတွေ ဖြစ်ကြတဲ့ ပီတာ ရှမိုက်ကယ် နဲ့ ဒေးဗစ်ဆီးမန်း တို့ကလည်း တွစ်တာကနေ ချီးကျူး စကားဆိုခဲ့ကြပါတယ်။

ZG
ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလမွာ ရွက္ဖီးယူႏိုက္တက္ အသင္းကေန အာဆင္နယ္ အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း ၃၀ နဲ႔ ေရာက္ရွိလာတဲ့ အာ႐ြန္ ရမ္စ္ဒဲလ္ ဟာ အာဆင္နယ္ အတြက္ စတင္ ပြဲထြက္ခြင့္ ရတဲ့ အခ်ိန္ကတည္းက လက္စြမ္းေကာင္းေတြ ျပသေနသူပါ။
ခရစၥတယ္ပဲေလစ့္ ဥကၠဌေဟာင္း ဆိုင္မြန္ေဂ်ာ္ဒန္ က ရမ္စ္ဒဲလ္ ဟာ စြမ္းေဆာင္ရည္ သိပ္ေကာင္းလြန္းျပီး မန္စီးတီးရဲ႕ အီဒါဆန္ အဆင့္ေလာက္ ရွိေနေၾကာင္း ေျပာဆိုခဲ့ပါတယ္။
” သူ(ရမ္စ္ဒဲလ္) က စေနေန႔ ကစားခဲ့တဲ့ ပြဲမွာ အံ့ဖြယ္ လက္စြမ္း ျပခဲ့ပါတယ္၊ ဖရီးကစ္ကို အံ့ဖြယ္ ကာကြယ္ျပႏိုင္ ခဲ့႐ုံတင္ မကပါဘူး ၊ တျခားေသာ ကန္သြင္းခ်က္ မ်ားစြာကိုလည္း လက္စြမ္းျပ ကာကြယ္ ခဲ့ပါတယ္ ။ ”
” သူ႔ရဲ႕ ေဘာလုံး ျဖန႔္ေဝမႈက ေဂ်ာ္ဒန္ ပစ္ဖိုဒ့္ ထက္ ပိုသာလြန္ ေကာင္းမြန္ပါတယ္ ၊ ပစ္ဖိုဒ့္ နဲ႔ မတူတဲ့ အဆင့္ တစ္ခုမွာ ရွိေနတယ္လို႔ ျမင္ပါတယ္ ။ သူက အီဒါဆန္ တို႔နဲ႔ အဆင့္အတန္းတူ အေနအထားမွာ ရွိေနပါတယ္ ။ ” လို႔ ဆိုင္မြန္ေဂ်ာ္ဒန္က ခ်ီးက်ဴးခဲ့ပါတယ္။
ရမ္စ္ဒဲလ္ ဟာ အာဆင္နယ္ အတြက္ ၈ ပြဲ ပြဲထြက္ ကစားရာမွာ clean-sheet ၅ ပြဲ အထိ ရယူထားႏိုင္ပါတယ္။ ေနာက္ဆုံး ကစားခဲ့တဲ့ လက္စတာ နဲ႔ ပြဲမွာလည္း ရမ္စ္ဒဲလ္ ဟာ ဂိုးေပါက္ ကာကြယ္မႈ ၈ ႀကိမ္ အထိ ျပဳလုပ္ၿပီး Man of the match ဆုကို ထိုက္ထိုက္တန္တန္ ရသြားခဲ့ပါတယ္။
လက္စတာ နဲ႔ ပြဲက မက္ဒီဆင္ ရဲ႕ ဖရီးကစ္ကို ရမ္စ္ဒဲလ္ ရဲ႕ ကာကြယ္ပုံဟာ ပရိသတ္ေတြၾကား အေတာ္ေလး အေျပာမ်ားခဲ့ၿပီး ဂႏၲဝင္ ဂိုးသမားႀကီးေတြ ျဖစ္ၾကတဲ့ ပီတာ ရွမိုက္ကယ္ နဲ႔ ေဒးဗစ္ဆီးမန္း တို႔ကလည္း တြစ္တာကေန ခ်ီးက်ဴး စကားဆိုခဲ့ၾကပါတယ္။