အကောင်းဆုံး ရက်ဖို့ဒ်၊ ရှမိုက်ကယ်နဲ့ တူသွားတဲ့ ဒီဂီယာ၊ မင်းသား ဆန်ချိုနဲ့ မန်ယူ ၃-ဝ လက်စတာ ပွဲမှ ပြောစရာများ

မန်ချက်စတာ ယူနိုက်တက်ကတော့ တနင်္ဂနွေနေ့ည အိုးထရက်ဖိုဒ့်မှာ လက်စတာ အသင်းကို ဧည့်ခံ ကစားရာ ရက်ဖိုဒ့်ရဲ့ သွင်းဂိုး ၂ ဂိုး၊ ဆန်ချိုရဲ့ သွင်းဂိုးတို့ဖြင့် ၃-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ မန်ယူကစားသမားဘဝ အကောင်းဆုံးရာသီ

ရက်ရှ်ဖို့ဒ်ဟာ လက်စတာအသင်းနဲ့ပွဲစဉ်မှတော့ ပွဲချိန် ၂၅ မိနစ်နဲ့ ၅၆ မိနစ်တို့မှာတော့ မန်ယူအသင်းအတွက် ၂ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းတိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာ အခုဆိုရင် မန်ယူအသင်းနဲ့အတူ ဒီနှစ်ရာသီအတွင်းအပြိုင်ပွဲစုံသွင်းဂိုးစုစု ပေါင်းက ၂၄ ဂိုးရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဒါဟာ သူ့ရဲ့မန်ယူအသင်းကစားသမားဘဝမှာတော့ တစ်ရာသီအတွင်း အများဆုံးသွင်းယူထားနိုင်ခြင်း လည်းဖြစ်ပါတယ်။ ၂၃ ဂိုးထဲက ၁၆ ဂိုးကိုတော့ ၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲပြီး သွင်းယူထားခဲ့ တာလည်းဖြစ်ပါတယ်။ အခုမှပရီးမီးယားလိဂ်ကလည်း ရာသီဝတ်ကျော်ကျော်သာရှိနေသေးတာ ကြောင့် ဒဏ်ရာသာ မရခဲ့ဘူးဆိုရင်တော့ ရက်ရ်ဖို့ဒ်ရဲ့အကောင်းဆုံးသွင်းဂိုးတွေကိုဆက်လက်တွေ့မြင်ရဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ် ဆုဖလားအတွက် ထည့်တွက်ရတော့မယ့် မန်ယူ

မန်ယူအသင်းဟာလက်စတာအသင်းကို အိမ်ကွင်းမှာအနိုင်ကစားနိုင်ခဲ့တာကြောင့် အဆင့် ၂ နေရာမှာရှိနေတဲ့ မန်စီးတီးအသင်းနဲ့တော့ ရမှတ်ကွာခြားမှုက ပိုပြီးကျဉ်းမြောင်းသွားသလို ထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့က လည်း ရမှတ်ပိုင်းကသိပ်မကွာတော့ဘူး။ လက်ရှိကစားအား၊တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ရဲ့ခြေစွမ်း၊ အသင်းရဲ့စုဖွဲ့မှု တွေအရတော့ ဒီနှစ်ရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားနဲ့ပတ်သက်ပြီး ထည့်တွက်ရမယ့်အသင်းထဲမှာတော့ မန်ယူအသင်းကို မဖြစ်မနေကို ထည့်ထားရတော့မှာလည်းဖြစ်ပါတယ်။

တိုက်စစ်ပိုင်းအားကောင်းတဲ့ မန်ယူနဲ့ ရှမိုက်ကယ်နဲ့စံချိန်တူသွားတဲ့ ဒီဂီယာ

မန်ယူအသင်းဟာ ဒီနေ့ပွဲစဉ်မှာတော့ ရက်ရှ်ဖို့ဒ်၊ဆန်ချိုတို့နဲ့ သွင်းဂိုးတွေနဲ့အတူ ၃ ဂိုးပြတ်အနိုင်ရခဲ့တယ်။ဒါကို ကြည့်မယ်ဆိုရင်တော့ မန်ယူအသင်းရဲ့တိုက်စစ်ပိုင်း တဖြည်းဖြည်းအားကောင်းလာတယ်လို့ပြောရမယ်။ နောက်ဆုံးကစားထားခဲ့တဲ့ ပြိုင်ပွဲစုံ ၉ ပွဲမှာ မန်ယူအသင်းဟာအနည်းဆုံး ၂ ဂိုးသွင်းယူထားနိုင်တာဖြစ်ပါတယ်။

ဒီဂီယာကလည်း ဒီနေ့ပွဲစဉ်မှာ ဂိုးမပေးခဲ့ရတာကြောင့် မန်ယူအသင်းဂိုးသမားဘဝမှာတော့ ဂိုးမပေးရတဲ့ပွဲပေါင်း ၁၈၀ ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ မန်ယူအသင်းဂိုးသမားဟောင်း ရှမိုက်ကယ်တင်ထားတဲ့ ဂိုးမပေးရတဲ့ပွဲ ပေါင်း ၁၈၀ စံချိန်နဲ့တူညီသွားခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ နောက်ပိုင်းမင်းသား ဖြစ်လာနိုင်တဲ့ဆန်ချို

ဆန်ချိုရဲ့မန်ယူကစားသမားဘဝက အတက်အကျအနိမ့်အမြင့်တွေနဲ့အတူ ချီးမွန်းမှုတွေ၊ကဲ့ရဲ့မှုတွေနဲ့ ရုန်းကန် နေခဲ့ရတဲ့သူလို့ပြောရ ပါမယ်။ ဒီနေ့ပွဲစဉ်မှာတော့ ဆန်ချိုဟာ ဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးပို့မှုကနေတစ်ဆင့် ဂိုးသွင်းယူနိုင်ခဲ့တယ်။ ဒါဟာ ဆန်ချိုအတွက်တော့ ဒီနှစ်ရာသီမှာ မန်ယူအသင်းနဲ့အတူ သွင်းယူထားနိုင်တဲ့ ၄ ဂိုး မြောက်ပရီးမီးယားလိဂ်သွင်းဂိုးလည်းဖြစ်တယ်။ ဆန်ချိုရဲ့ ခြေစွမ်းက ပြန်မှန်လာတယ်။ မန်ယူအသင်းအ တွက်တော့ ဒုတိယရာသီဝတ်အတွင်း အားကိုးရမယ့် ကစားသမားတွေထဲမှာတော့ ဆန်ချိုကလည်း ထည့်သွင်း စဉ်းစားရမယ့် ကစားသမားထဲမှာပါဝင်လာခဲ့ပြီလို့ပြောရမယ်။

အတော်ကလေးကို ရုန်းကန်ရဦးမယ့် လက်စတာ

လက်စတာအသင်းရဲ့ဒီနေ့ကစားပုံက ပထမပိုင်းမှာတော့သိပ်မဆိုးကြီးမဟုတ်ပေမယ့် ဒုတိယပိုင်းမှာတော့ မန်ယူ အသင်းရဲ့ တိုက်စစ်လှိုင်းလုံးတွေကို ဟန့်တားနိုင်ခြင်းမရှိခဲ့ဘူး။ ဒါကြောင့်လည်း အဝေးကွင်းမှာ ရှုံးပွဲကြုံရတယ် လို့ပြောရမယ်။ မန်ယူနဲ့ပွဲကို ရှုံးနိမ့်ခဲ့တာကြောင့်လည်း လက်စတာအသင်းဟာ ပရီးမီးယားလိဂ် ၂၃ ပွဲမှာတော့ ၂၄ မှတ်သာရရှိသေးတယ်လို့ပြောရမယ်။ ဒါဟာ တန်းဆင်းဇုန်ကနေ ကောင်းကောင်းလွတ်နိုင်ပြီလို့ပြောလို့မရ သေးဘူး။ ဒီပုံစံအတိုင်းသာဆက်သွားမယ်ဆိုရင်တော့ လက်စတာအ သင်းရဲ့အနာဂတ်ကတော့ ပရီးမီးယားလိဂ်မှာဆက်လက်မြင်ရနိုင်မလားဆိုတာက သံသယဖြစ်စရာပါဘဲ။