မန်ယူနဲ့ အာဆင်နယ်ကို ပရီးမီးယားလိဂ်မှာ ဒိုင်ကူကြောင်း လက်စတာနည်းပြ စွပ်စွဲ ပြောဆို
လက်စတာစီးတီးနည်းပြ ဘရန်ဒန် ရော့ဂျားစ်က စနေနေ့က မန်ချက်စတာယူနိုက်တက်ကို ၃-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ မာဆယ် ဆဘစ်ဇာကို အနီကတ်နဲ့ မထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မယုံနိုင်ဖွယ် ဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး ပွဲအပြီး ပြောဆိုမှုမှာ အာဆင်နယ်နာမည်လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
လက်စတာစီးတီးဟာ အလွန်ကောင်းမွန်တဲ့စတင်မှု ပြုလုပ်နိုင်ခဲ့ပေမယ့် အိုးထရက်ဖို့ဒ်မှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဆန်ချိုရဲ့ သွင်းဂိုးကြောင့် တန်ဟက်ရဲ့အသင်းက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပွဲစဉ်အတွင်းမှာ အငြင်းပွားစရာဖြစ်စဉ်တစ်ခုရှိခဲ့ပြီး ဇန်နဝါရီလမှာ အငှားနဲ့ ပြောင်းရွှေ့လာတဲ့ ဆဘစ်ဇာက လက်စတာစီးတီးနောက်ခံလူ ဝိ ဖေးစ်ကို ပထမပိုင်းပွဲကစားချိန်အတွင်း ဒူးကို ကန်ကျောက်ခဲ့တာကို မြင်တွေ့ခဲ့တာပါ။

VAR က ဖြစ်စဉ်ကို ပြန်လည်ကြည့်ရှုခဲ့ပေမယ့်လည်း အနီကတ်ပြသဖို့ မလုံလောက်ဘူးလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အဲဒီဆုံးဖြတ်ချက်က ဘရန်ဒန် ရော့ဂျားစ်ကို ဒေါသထွက်စေခဲ့တာဖြစ်ပါတယ်။
“အဲဒါက ထုတ်ပယ်ရမယ့်ပြစ်ဒဏ်ကျူးလွန်မှုပါ။ အဲဒါက ဒူးကို ခြေထောက်နဲ့ တန်းတန်းမတ်မတ် ကန်ခဲ့တာပါ။ ဘယ်လို ဖြစ်ပြီး အဲဒါကို မကြည့်ခဲ့ဘဲ ကျွန်တော် အဲဒါကို မြင်ခဲ့တဲ့အချိန်မှာ မယုံနိုင်စရာကောင်းတဲ့ ဆုံးဖြတ်ချက်လို့ ယူဆပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ရော့ဂျားစ်က ဆက်လက်ပြီး အာဆင်နယ်နဲ့ မန်စီးတီးတို့နဲ့ပွဲစဉ်မှာ နကီးတီးယားက အီဒါဆန်ကို ပြစ်ဒဏ်ကျူးလွန်အောင် ဆွဲခေါ်ခဲ့ပြီး ပင်နယ်တီ ရရှိသွားခဲ့တဲ့ဖြစ်စဉ်ကိုလည်း ထောက်ပြပြီး ဒိုင်လူကြီးတွေကို နောက်ထပ် ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
“ ဒီကိစ္စကို ဘာကြောင့် အနီကတ်မပြသခဲ့လဲ ကျွန်တော် မသိပါဘူး ။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ရက်သတ္တပတ် မှာ အငြင်းပွားစရာ ဆုံးဖြတ်ချက်အချို့ကို မြင်တွေခဲ့ရတယ်။ တစ်စုံတယောက်က ဖြစ်ပြီးမှ အဲဒါက အနီကတ် ဖြစ်ခဲ့သင့်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောခဲ့ပေမယ့် ကျွန်တော် အဲဒါကို အယုံအကြည်မရှိပါဘူး”
“ခင်ဗျား မန်စီးတီးနဲ့ပွဲက အာဆင်နယ်ရဲ့ ပင်နယ်တီကို ကြည့်လိုက်ရင် နကီးတီးယားက ဂိုးပေါက်မှာရှိနေပြီး ဂိုးကို ကန်သွင်းခဲ့တယ်။ ဒါပေမယ့် ကန်ပြီးတဲ့နောက်မှာ ပြစ်ဒဏ်ကျူးလွန်မှုဖြစ်ခဲ့ပြီး ပင်နယ်တီရခဲ့တယ်။
ဒီအခြေအနေမှာ ကစားနေတာက ရပ်တန့်ခဲ့ရင်တောင်မှ သူ(ဆဘစ်ဇာ)က ဒူးအပေါ်ကို ခြေထောက်နဲ့ တန်းတန်း မတ်မတ် နင်းထားခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။