ပေါင် သန်း ၃ဝ တန် အာဆင်နယ် ကစားသမားကို လာမယ့်နွေမှာ ခေါ်ယူဖို့ နယူးကာဆယ် စောင့်ကြည့်နေ
နယူးကာဆယ် အသင်းဟာ အာဆင်နယ် အသင်းမှာ နည်းပြ အာတီတာ ဦးစားပေးခြင်း မခံရတော့တဲ့ ဘယ်နောက်ခံလူ တီယာနေးကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ယခုရာသီတွင် သူ၏ ပထမပွဲထွက်ခွင့်နေရာကို ဇင်ချန်ကိုထံ ဆုံးရှုံးခဲ့ရပြီး ပရီးမီးယားလိဂ်တွင် ၄ ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး အရန်ကစားသမားအနေဖြင့် ၁၂ ပွဲသာ လူစားဝင် ကစားခွင့် ရထားပါတယ်။
တီယာနေးဟာ အာဆင်နယ်အသင်းအတွက်အရေးပါသော ကစားသမားအဖြစ် ရှိနေဆဲဖြစ်ပြီး ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲစဉ် ၆ ပွဲတွင် ၁ ဂိုးသွင်းယူကာ အုပ်စုအေရဲ့ ထိပ်ဆုံးနေရာရောက်အောင် ခြေစွမ်းပြ ကစားထားသူများထဲ ပါဝင်နေပါတယ်။

စကော့တလန်သားဟာ အာဆင်နယ်အသင်းနဲက ၂၀၂၆ ခုနှစ်အထိ နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုခဲ့သော်လည်း ယခုရာသီတွင် ပွဲထွက်ခွင့်များလျော့နည်းလာခြင်းကြောင့် ၎င်း၏ ရေရှည်အနာဂတ် က မရေမရာ ဖြစ်လာ နေပါတယ်။
Football Insider ၏ အဆိုအရ နယူးကာဆယ်သည် တီယာနေးကို ခေါ်ယူချင်နေပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမတိုင်မီ ၎င်း၏အခြေအနေကို အနီးကပ်စောင့်ကြည့်မည်ဖြစ်ကြောင်း သိရပါတယ်။
တီယာနေးအတွက် သတင်းထွက်နေတဲ့ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ ဟာ အာဆင်နယ်အသင်းနဲ့ လမ်းခွဲဖို့ လုံလောက်တဲ့ ပမာဏဖြစ်ပြီး ဒဏ်ရာကြောင့် အမ်းမရိတ်စ်မှာ ရှိနေခဲ့တဲ့ စကော့တလန်လက်ရွေးစင်ကစားသမားနဲ့ လမ်းခွဲဖို့ လုံလောက်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အူနိုင်းအမ်မရီသည် ၂၀၁၉ နွေရာသီတွင် တီယာနေးကို ပေါင် ၂၄ သန်းဖြင့် အာဆင်နယ်သို့ ခေါ်ယူခဲ့ပြီး ဘယ်နောက်ခံလူသည် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံတွင် ၁၁၂ ပွဲကစားပြီး ၅ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။
တီယာနေးရဲ့ အာဆင်နယ်ကစားသမား ပထမဆုံးနှစ်တွင် အက်ဖ်အေဖလားနှင့် ကွန်မြူနတီဒိုင်းကို ဆွတ်ခူးခဲ့သော်လည်း ၂၀၂၁-၂၀၂၂ ရာသီတွင် ခွဲစိတ်မှုလိုအပ်သည့် ဒူးဒဏ်ရာပြဿနာကြောင့် နောက်ထပ် ၄၈ ပွဲကိုလည်း လွဲချော်ခဲ့ပါတယ်။
နယူးကာဆယ်တွင် မက်တာဂတ်၊ ဂျမယ်လူးဝစ်နှင့် ပေါလ် ဒန်မက် စသော ဘယ်နောက်ခံလူ ၃ ယောက်ထိ ရှိနေသော်လည်း နည်းပြ အက်ဒီဟောင်း သည် ဒန်ဘန်းကို ပဲ ဘယ်နောက်ခံလူနေရာမှာ ပုံမှန်ပွဲထွက်ခွင့် ပေးနေတာဖြစ်ပါတယ်။
မက်တာဂတ် သည်ပြီးခဲ့သောရာသီက အက်စတွန်ဗီလာမှ နယူးကာဆယ်အသင်းသို့ အငှားဖြင့်လာရောက်ကစားပြီး ခြေစွမ်းပြနိုင်သောကြောင့် ဒီရာသီတွင်အပြီးသတ်ခေါ်ယူခဲ့သော်လည်း အသက် ၂၇ နှစ်အရွယ်ကစားသမားသည် ခြေဖနောင့်ဒဏ်ရာကြောင့် ဒီ နှစ်စကတည်းက မကစားနိုင်ဘဲ ရှိနေပါတယ်။