ဒီည မန်ယူ – ဘာစီလိုနာ အသင်းတို့ရဲ့ ယူရိုပါလိဂ် အဆုံးအဖြတ်ပွဲ သုံးသပ်ခန့်မှန်းချက်နဲ့ သိထားစရာ အချက်များ

ဒီတစ်ပတ်ရဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေ ပြန်လည်ရောက်ရှိလာပြီဖြစ်သလို ဘာစီလိုနာဟာ ဒီနေ့ည အိုးလ်ထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို လာရောက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အဲရစ်တန်ဟက်လက်အောက် ပုံစံကောင်းရရှိနေတဲ့ အဆင့်၃ နေရာက ယူနိုက်တက်ဟာ နောက်ဆုံးပွဲမှာ လက်စတာကို ၃-၀ နဲ့ အနိုင်ရထားတာနဲ့အတူ ဒီပွဲအတွက် ယုံကြည်မှု ရှိနေပါလိမ့်မယ်။

ဘာစီလိုနာကလဲ လာလီဂါဇယားထိပ်မှာဖြစ်ပြီး အထင်ကြီးစရာ ရာသီကို ရရှိခဲ့တာပါ။ သူတို့ဟာ ပြီးခဲ့တဲ့ပွဲမှာ ကာဒစ်ဇ်ကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီး ဒီတစ်ပတ် အိုးလ်ထရက်ဖို့ဒ်မှာလဲ အလားတူ ရလဒ်မျိုး ရရှိဖို့ မျှော်လင့်နေမှာြ ဖစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု

ဘာစီလိုနာဟာ ဥရောပအဆင့်မှာ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ထားတဲ့ မှတ်တမ်းကောင်းတစ်ခုရှိပြီး ဒီနှစ်သင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ စုစုပေါင်း ၁၄ပွဲမှာ ၆ပွဲ အနိုင်ရရှိခဲ့သလို မန်ချက်စတာယူနိုက်တက်က ၃ပွဲသာ အနိုင်ရထားပြီး ၅ပွဲ သရေကျထားပါတယ်။

သိထားသင့်တဲ့ အချက်အလက်များ

– ဘာစီလိုနာဟာ ယူနိုက်တက်ကို အဝေးကွင်းမှာကစားခဲ့တဲ့ ဥရောပ ၅ပွဲမှာ ၄ပွဲ ရှုံးနိမ့်ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၂၀၁၉ တုန်းကတော့ ၁-၀ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ

– မန်ချက်စတာယူနိုက်တက်ဟာ ဥရောပအိမ်ကွင်းနောက်ဆုံး၁၁ပွဲမှာ ၂ပွဲသာ ရှုံးနမ့်ခဲ့ပေမယ့် အဲ့ဒီ့နှစ်ပွဲလုံးဟာ စပိန်ပြိုင်ဘက်တွေကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

– မားကပ်ရက်ရှ်ဖို့ဒ်ဟာ ယူရိုပါလိဂ်မှာ မန်ချက်စတာယူနိုက်တက်အတွက် ပျမ်းမျှ ၇၆မိနစ်တိုင်း တစ်ဂိုး သွင်းယူပေး ထားပါတယ်။ ဒါဟာ ဒီပြိုင်ပွဲမှာ အကောင်းဆုံး ဂိုးအချိုးဖြစ်ပါတယ်။

– ၂၀၁၉-၂၀ ရာသီအစကတည်းက ရောဘတ်လီဝန်ဒေါစကီးဟာ ဥရောပ ၃၂ပွဲမှာ ၃၈ဂိုးသွင်းယူခဲ့ပြီး ဒီကာလအတွင်း ကစားသမားတိုင်းထက် ပိုမိုသာလွန်နေတာ ဖြစ်ပါတယ်။

သုံးသပ် ခန့်မှန်းချက်

ဘာစီလိုနာဟာ ဇာဗီလက်အောက် ပြန်လည်ရှင်သန်လာခဲ့ပေမယ့် ဥရောပမျက်နှာစာမှာတော့ တည်ငြိမ်မှုမရှိခဲ့ပါဘူး။ ဒီပွဲမှာ ပက်ဒရီနဲ့ ဂါဗီတို့ မပါဝင်နိုင်တာနဲ့အတူ ဒီဂျောင်နဲ့ ဘူးစကွက်တို့ဟာ အိုးလ်ထရက်ဖို့ဒ်ဆီ ၎င်းတို့ရဲ့ အတွေ့အကြုံတွေကို ယူဆောင်လာပေးပါလိမ့်မယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီ အပြောင်းအလဲတွေ အတော် ပြင်းထန်ခဲ့ပြီး တန်ဟက်လက်အောက်မှာ ရှိန်လောက်စရာ ကိုယ်ပိုင်ဟန် တစ်ခု ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာက သူတို့ရဲ့ လုပ်ငန်းစဉ်မှာ ပိုပြီး အရှိန်ရ နေတာဖြစ်လို့ ဒီပွဲမှာ အနည်းငယ် သာလွန်နေမှာ ဖြစ်ပါတယ်။

အိုးထရက်ဖို့ဒ်က ပရိသတ်အားဟာ အိမ်ရှင်အသင်းကို နောက်တစ်ဆင့်ထိ တွန်းတင်ပေးနိုင်မလား ဆိုတာလည်း ထည့်သွင်း စဉ်းစားစရာ ရှိနေပြီ အပြန်အလှန် သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ဖွယ် ရှိပါတယ်။