မန်ယူကွင်းလယ် ဖရက်ရဲ့ ပရီးမီးယားလိဂ် စိန်ခေါ်မှု ခံလိုက်ရတဲ့ အာဆင်နယ်နဲ့ မန်စီးတီး

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ဖရက် က အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ကို မန်ယူနိုက်တက်က ကျော်ဖြတ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ကာရာဘောင်းဖလားကို ရယူနိုင်ခဲ့ပြီးနောက် ယခုရာသီ နောက်ထပ်ဆုဖလားပြိုင်ပွဲ ၃ ခုထဲမှာ ရှိနေဆဲဖြစ်ပြီး တန်ဟက်ရဲ့အသင်းဟာ ယူရိုပါလိဂ်၊ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်နေဆဲဖြစ်သလို ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ သေးငယ်တဲ့အခွင့်အရေးလည်း ရှိနေသေးတာဖြစ်ပါတယ်။

ယူနိုက်တက်ကွင်းလယ်ကစားသမား ဖရက် က ဆုဖလားစိန်ခေါ်မှုတွေအကြောင်း ပြောဆိုမှုတွေကို ကြိုဆိုပုံ ပေါ်ခဲ့ပြီး မန်ယူနိုက်တက်ဟာ အရှိန်အဟုန်နဲ့ အသင်းတစ်သင်းဖြစ်တယ်လို့ ဘရာဇီးလ်ကွင်းလယ်ကစားသမားက ပြောဆို ခဲ့တာဖြစ်ပါတယ်။

ဖရက်ဒ်က TNT Brazil နဲ့ စကားပြောဆိုရာမှာ မန်ချက်စတာ ယူနိုက်တက်အသင်းက အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့လို ပရီးမီးယားလိဂ် ဆုဖလားအတွက် အနိုင်ယူနိုင်စွမ်းရှိတဲ့အသင်းဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အာဆင်နယ်နဲ့ မန်စီးတီးတို့က အရမ်းကောင်းတဲ့အသင်းတွေဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ကျွန်တော် တို့မှာလည်း အဲဒီဖလားအတွက် တိုက်ပွဲဝင်ဖို့အတွက် အစွမ်းအစရှိပါတယ်။

ကျွန်တော်တို့ရဲ့ အရှိန်အဟုန်က အရမ်းကောင်းနေတယ်။ အဲဒီတော့ ဘာကြောင့် ဖလားမရနိုင်ရမှာလဲ။ ကျွန်တော်တို့ ဖလားရနိုင်တဲ့ ပြိုင်ပွဲ ၃ ခုကျန်နေသေးပြီး အဲဒီပြိုင်ပွဲတစ်ခုချင်းစီအတွက် တိုက်ပွဲဝင်သွားမှာပါ”

“ဒီနေ့မှာ ကျွန်တော်တို့ အလွန်အမင်းပျော်ရွှင်နေတယ်။ ကျွန်တော် ဒီမှာရှိခဲ့တာ ၅ ရာသီမြောက်ဖြစ်ပြီး ဒီဆုဖလားက ကျွန်တော့်အတွက်နဲ့ ထိပ်ဆုံးကို ပြန်သွားနေတဲ့ အသင်းအတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ကျွန်တော်တို့ ဒီရာသီမှာ တိုက်ပွဲဝင်စရာတွေ အများကြီး ရှိပါသေးတယ်”လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။