ပရီးမီးယားလိဂ်က အာဆင်နယ် ပွဲတွေ နိုင်အောင် တမင်လုပ်ပေးနေပြီ လို့ စွပ်စွဲချက်များ ထွက်ပေါ်နေ

စနေည ကစားခဲ့တဲ့ အာဆင်နယ်နဲ့ဘုန်းမောက်တို့ရဲ့ပရီးမီးယားလိဂ်ပွဲအပြီး ဆိုရှယ်မီဒီယာပေါ်မှာ စွပ်စွဲမှုတစ်ခု ထွက်ပေါ်လာပါတယ်။

အဲဒီပွဲမှာ အာဆင်နယ်ဟာ မိနစ် ၆၀ အထိ နှစ်ဂိုးပြတ်ရှုံးနေရာကနေ နောက်ဆုံးကျတော့ ၃-၂ နဲ့ ပြန်နိုင် သွားခဲ့တာပါ။သာမန်ပွဲချိန်မိနစ် ၉၀ အတွင်းမှာ ၂-၂ ဖြစ်နေခဲ့ပြီး နာကျင်အချိန်ပို ၉၇ မိနစ်ရောက်မှ အာဆင်နယ်က အနိုင်ဂိုးသွင်းသွားခဲ့တာ ဖြစ်ပါတယ်။

တကယ်တမ်း အဲဒီပွဲမှာ ပေးခဲ့တဲ့ နာကျင်အချိန်ပိုက ၆ မိနစ်သာ ရှိခဲ့တာပါ။ အဲဒါကြောင့် ၉၇ မိနစ်မှာ အာဆင်နယ် အနိုင်ဂိုး သွင်းသွားတဲ့အပေါ် ပြိုင်ဘက်ပရိသတ်တွေက မကျေနပ်ဖြစ်နေကြပါတယ်။

ဒါ့အပြင် နာကျင်အချိန်ပို ဘယ်လောက်ပေးမယ်ဆိုတဲ့ ဘုတ်ပြားမထောင်ခင်မှာ အာဆင်နယ်နည်းပြ အာတီတာက စတုတ္ထဒိုင်ဆီ လက် ၇ ချောင်း ထောင်ပြပုံရတဲ့ အမူအယာကိုလည်း ပရိသတ်တွေက သတိထားမိသွားခဲ့ကြတာပါ။

ဒါကြောင့် အာဆင်နယ် မနိုင်နိုင်အောင် ပရီးမီးယားလိဂ်က လုပ်ပေးနေကြောင်း စွပ်စွဲနေကြပါတယ်။

”ဒီမှာ အာတီတာက ၇ မိနစ် တောင်းနေတာပါ။ ဒီဂိုးက ခွင့်မပြုသင့်ပါဘူး”လို့ ပရိသတ်တစ်ယောက်က ရေးသားခဲပါတယ်။

အခြားပရိသတ်တစ်ယောက်ကလည်း ”အချိန်ပိုက ၆ မိနစ်။ ဒါပေမဲ့ မင်းတို့ဒိုင်တွေက အာတီတာတောင်းလို့ ၇ မိနစ် ပေးလိုက်တယ်။ နောက်ကွယ်မှာ ငါတို့ မသိတာ တစ်ခုခုရှိနေပြီ”လို့ ရေးပါတယ်။

နောက်ထပ် ပရိသတ်တစ်ယောက်ကလည်း ”ပရီးမီးယားလိဂ်ဟာ အာဆင်နယ်အတွက် လုပ်ပေးနေတာ”လို့ စွပ်စွဲခဲ့တာပါ။