မန်ယူအသင်းရဲ့ ဂိုးပြတ် အရှုံးကို ပြစ်တင်မှုရော ကာကွယ်မှုပါ ပြုလုပ်သွားတဲ့ သရဲနီဟောင်းကြီး ပေါစခိုးလ်
မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ပေါလ် စခိုးလ် က လီဗာပူးကို ၇ ဂိုးပြတ် ရှုံးနိမ့်ခဲ့ကြတဲ့ ပွဲ အပြီးမှာ အသင်းဟောင်း မန်ယူအသင်းကို ထိုးနှက် ဝေဖန်မှုတွေ လုပ်ခဲ့သလို ကာကွယ် ဖာထေး ပြောဆိုမှုတွေလည်း ပြုလုပ်သွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အန်ဖီးလ် ကွင်းထဲ ကစားရတဲ့ ပွဲမှာ ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းကို ၇ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ရပါတယ် ။
မန်ယူအသင်းဟာ ဒီရာသီ အဝေးကွင်းမှာ လီဗာပူးနဲ့ မန်စီးတီး အသင်းတို့ကို 13 ဂိုးအထိ ပေးခဲ့ရပြီပဲ ဖြစ်ပါတယ် ။ အခုတော့ ပေါလ် စခိုးလ် က အဆိုပါ အချက်တွေကို ထောက်ပြပြီး ဒါတွေဟာ ကစားသမားတွေရဲ့ နုံချာလွန်းတဲ့ ကစားပုံပဲလို့ ထိုးနှက်သွားခဲ့လိုက်ပါတယ် ။

” ဒါ ယူနိုက်တက် ၊ အသင်း နဲ့ ကစားသမားတွေရဲ့ နုံချာလွန်းတဲ့ ကစားပုံပဲ ဖြစ်ခဲ့ရပါတယ် ။ သူတို့ဟာ မန်စီးတီးကို 6 ဂိုးပေးခဲ့ရပြီး လီဗာပူးကို 7 ဂိုး ပေးခဲ့လိုက်ရပါတယ် ။ ဒီနေရာက သွားပြီး ပြိုင်ဖက် ကစားပုံကို ရပ်တန့်ပြရမယ့် နေရာမျိုးလေ ။ ဒါပေမဲ့ သူတို့ မလုပ်နိုင်ခဲ့ပါဘူး ”
” ဒီလို ရလဒ်မျိုးကြောင့် အရှက်မကွဲစရာ အကြောင်းကို မရှိပါဘူး ။ ဒါက ယူနိုက်တက် အတွက်တော့ ထူးဆန်းလွန်းတဲ့ ရလဒ်ပါပဲ ။ ဒီနေ့ပွဲမှာ အရာရာတိုင်းဟာ ဆန့်ကျင်ဖက်ချည်း ဖြစ်ခဲ့ရပါတယ် ။ သူတို့ ဒါကိုလက်ခံပြီး ကျော်ဖြတ်ပြဖို့ လုပ်ရပါတော့မယ် ”

” ဒီပွဲဟာ 3 မှတ် ရှုံးတာတင် မဟုတ်ပါဘူး ၊ ဒီပွဲစဉ်က ယူနိုက်တက်တို့ ဘယ်နေရာတွေမှာ အားနည်းချက်တွေ ရှိနေသလဲ ဆိုတာကိုပါ သိသာပေါ်လွင်စေခဲ့ပါတယ် ။ ဒါပေမဲ့ အသင်းကိုလည်း ပိုးစိုးပက်စက် ပြောလွှတ်လိုက်ဖို့လည်း တကယ်ပဲ ခက်ခဲလှပါတယ် ”
” ဒါက ထူးဆန်းတဲ့ ရလဒ်တစ်ခုမျှပါပဲ ။ အခုချိန်မှာ မေးခွန်းထုတ်စရာက သူတို့တွေ ဆက်ပြီး ညံ့ဖျင်းကြမှာလား ၊ ဒါမှမဟုတ် ဒါကို ကျော်ဖြတ်ပြနိုင်မလားဆိုတာပါပဲ ။ သူတို့ ဒါကို ကျော်လွှားပြီး အိုကေ နိုင်မယ်လို့ ကျွန်တော် ထင်မိပါတယ် ” လို့ ပေါလ် စခိုးလ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။