ဥရောပ တိုက်စစ်အကောင်းဆုံး ၂သင်း၊ ဒိုင်တွေကို မကျေတဲ့ တန်ဟက်၊ ထပ်နာပြန်တဲ့ ပေါ့ဘာနဲ့ နံနက်ခင်း ဘောလုံးသတင်းများ
မန်ယူအသင်းတောင်ပံကစားသမားလေး ဂနာချိုတစ်ယောက် ဆောက်သမ်တန်နဲ့ ပွဲအပြီး ချိုင်းထောက်နဲ့ အိမ်ပြန် ခဲ့ရပေမယ့် နည်းပြ တန်ဟတ် ကတော့ အခြေအနေ ပြင်းထန်ခြင်း မရှိကြောင်း ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဟာ ဆောက်သမ်တန်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြီး မျှတမှုမရှိတဲ့ ဒိုင်ဆုံးဖြတ်ချက်တွေအတွက် ပရီးမီးယားလိဂ်ကို ဝေဖန်ခဲ့ပါတယ်။
ကာဆီမီရိုဟာ ပထမပိုင်းမှာ ကားလို့စ် အယ်ကာရက်ဇ်အပေါ် အန္တရာယ်ရှိတဲ့ စိန်ခေါ်မှုအတွက် VAR ပြန်ကြည့်ပြီးနောက် တိုက်ရိုက်အနီကဒ် ပြသခံခဲ့ရပြီး ပွဲချိန်နှောင်းပိုင်းမှာ ယူနိုက်တက်ရဲ့ ပင်နယ်တီတောင်းဆိုမှုတချို့လဲ ငြင်းပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ပိုင်း အရည်အသွေးနဲ့ ပီအက်စ်ဂျီရဲ့ တိုက်စစ်ပိုင်းအရည်အသွေးဟာ ဥရောပ အကောင်းဆုံး ဂိုးသွင်းနှုန်းတွေကို ပိုင်ဆိုင်ထားကြောင်း စစ်တမ်းတွေအရ သိရပါတယ်။
ယနေ့ မနက်အစောပိုင်းက ကစားခဲ့ကြတဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းက အဝေးကွင်းမှာ ဘီဘာအို အသင်းကို ဝ-၁ နဲ့ အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယားကို ၉ မှတ် ဆက်လက်ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။
ရီးရဲလ်နဲ့ ကစားမယ့် အယ်လ်ကလက်စီကို ပွဲမတိုင်ခင် ယခုလို ဘီဘာအိုကို အနိုင်ရခဲ့တဲ့အတွက် ဘာစီလိုနာနည်းပြ ဇာဗီကတော့ အသင်းသားတွေကို ချီးကျူးပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ် အသင်းနည်းပြ အာတီတာကတော့ ဒဏ်ရာမှ သက်သာကာ အသင်းအတွက် ပြန်လည် ကစားပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂျေဆူးဟာ သူ့ရဲ့ နေရာနဲ့ ထိုက်တန်မှုရှိကြောင်း နည်းပြ အာတီတာက ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။
မနေ့က ဖူဟမ်နဲ့ပွဲမှာ အနိုင်ရခဲ့တဲ့ အာဆင်နယ်အသင်းဟာ စုစုပေါင်းနိုင်ပွဲ ၁၀၀၀ ပြည့်မြောက် ခဲ့ပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။
ဒဏ်ရာက ပြန်လည် သက်သာစပြုနေပြီဖြစ်တဲ့ ပေါ့ဘာဟာ ဖရီးကစ် ကန်သွင်းလေ့ကျင့်နေစဉ်အတွင်း ဒဏ်ရာ ထပ်မံ ရရှိခဲ့တာကြောင့် ဆမ်ဒိုးရီးယားနဲ့ပွဲကို လွဲချော်ခဲ့ရခြင်းဖြစ်ကြောင်း ဂျူဗင်တပ် နည်းပြ အယ်လီဂရီက ပရိသတ်တွေကို အသိပေးပြောဆို သွားခဲ့ပါတယ်။