ဒီအပတ် မန်ယူ သရေပွဲ အပြီး ထွက်ပေါ်လာတဲ့ စူပါကွန်ပျူတာရဲ့ ပရီးမီးယားလိဂ် ခန့်မှန်းချက်များ

ဒီတပတ် မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ဆောက်သမ်တန်အသင်း သရေကျပြီးနောက် အပြိုင်အဆိုင်ဖြစ်နေသော ပရီးမီးယားလိဂ် ထိပ်တန်းလေးသင်း နေရာကို စူပါကွန်ပျူတာမှ ခန့်မှန်းချက်များ ဖော်ပြခဲ့ကြောင်း သိရပါတယ်။

ချန်ပီယံဖြစ်ရန် မျှော်လင့်ချက်အတွက် လိုအပ်သည့် ရမှတ်များ ကျဆင်းသွားသော ရလဒ်များကြောင့် ထိပ်တန်း လေးသင်း ပြိုင်ပွဲဟာ ယခုသီတင်းပတ်ကုန်တွင် အရှိန်တက်လာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ လီဗာပူးလ်ကို ၇-ဝဖြင့် ရှုံးနိမ့်ပြီး ဆောက်သမ်တန်အသင်းကို ဂိုးမရှိ သရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံအိပ်မက်နဲ့ အလှမ်းဝေးသွားခဲ့ပါတယ်။ ထို့အပြင် တော့တင်ဟမ်အသင်းသည် နော်တင်ဟမ် ဖောရက်စ်ကို ၃-၁ ဖြင့်အနိုင်ရခဲ့သောကြောင့် တန်ဟက်၏ ယူနိုက်တက်အသင်းနှင့် ၂ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။

နယူးကာဆယ်သည်လည်း ဝုဖ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိကာ ယူနိုက်တက်အသင်းနှင့် တော့တင်ဟမ် အသင်းကို ဖိအား ပေးနိုင်ခဲ့ပြီး ဘရိုက်တန်၊ ဘရန့်ဖိုဒ်နှင့် ဖူလ်ဟမ်တို့ကဲ့သို့အသင်းများက အမှတ်လျော့သွားခဲ့တာဖြစ်ပါတယ်။ သို့သော် နောက်ဆုံးပေါ် စူပါကွန်ပြူတာသည် ထိပ်တန်းလေးခုအတွက် ယှဉ်ပြိုင်မှုကို ခန့်မှန်းခဲ့ပါတယ်။

တော့တင်ဟမ်အသင်းသည် ယခုတစ်ပတ်တွင် အောင်ပွဲခံခဲ့သော်လည်း ထိပ်ဆုံးလေးသင်းတွင် လွဲချော်နေဦးမည်ဟု ခန့်မှန်း ထားပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ကျန်ပွဲစဉ်တွေအတွက် တတိယနေရာကို ဆက် ထိန်းထားနိုင်မှာ ဖြစ်ပြီး အက်ဒီဟောင်းရဲ့ နယူးကာဆယ်အသင်းက ဥရောပထိပ်တန်းချန်ပီယံလိဂ်ပြိုင်ပွဲများတွင် ပါဝင်လာမည် ဖြစ်ကြောင်း ခန့်မှန်းခဲ့ပါတယ်။

နယူးကာဆယ်အသင်းသည် တော့တင်ဟမ်အသင်းနှင့် လေးမှတ်ကွာဟနေသော်လည်း လက်ထဲတွင် ကစားရန်နှစ်ပွဲ ကျန်ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းကို လေးမှတ်ဖြတ်ပြီး ပရီးမီးယားလိဂ် ဖလားကို သိမ်းပိုက်နိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ လက်ရှိအချိန်တွင် အာဆင်နယ်အသင်းသည် ဖူလ်ဟမ်ကို ၃-၀ ဖြင့် အနိုင်ရပြီးနောက် ပြီးခဲ့တဲ့ချန်ပီယံများထက် ငါးမှတ်အသာစီးရရှိထားတာဖြစ်ပါတယ်။

ဂွာဒီယိုလာ၏လူများသည် ရမှတ်ကွာဟချက်ကို နည်းအောင်ပြုလုပ်နိုင်မည်ဟု ခန့်မှန်းထားသော်လည်း ၎င်းတို့သည် ခြောက်ရာသီအတွင်း ပဉ္စမမြောက်လိဂ်ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ဖွယ်မရှိကြောင်း စူပါကွန်ပြူတာက ခန့်မှန်းခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဘုန်းမောက်၊ အဲဗာတန်နဲ့ ဆောက်သမ်တန်တို့ ကချန်ပီယံရှစ်ကို တန်းဆင်းသွားဖွယ်ရှိနေပါတယ်။

လီဗာပူး အနိုင်ယူခဲ့တဲ့ဘုန်းမောက်၊ ဘရန့်ဖို့ဒ်ကို အနိုင်ယူခဲ့တဲ့ အဲဗာတန်နဲ့ ယူနိုက်တက်ကို အဝေးကွင်းမှာ သရေ ကစားခဲ့တဲ့ဆောက်သမ်တန်တို့ဟာ ယခုတစ်ပတ်မှာ ရလဒ်ကောင်းတွေရအောင်စွမ်းဆောင်နိုင်ခဲ့ပေမယ့် စူပါကွန်ပျူတာက တန်းဆင်းသွားဖွယ် ရှိကြောင်း ခန့်မှန်းဖော်ပြခဲ့ပါတယ်။