၇ ဂိုး သွင်းလည်း လီဗာပူးကို မမှီသေးတဲ့ မန်စီးတီး၊ စွမ်းလွန်းတဲ့ ပါဝါတွေ ထုတ်ပြတဲ့ ၅ဂိုးရှင် ဟာလန်း

မန်ချက်စတာ စီးတီး အသင်းဟာ မနေ့ညက အီတီဟက် ကွင်းမှာ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ဂျာမန် ကလပ် လိုက်ပ်ဇစ် ကို ၇-၀ ရလဒ်နဲ့ အနိုင် ကစားခဲ့ပါတယ်။

ဒါဟာ ချန်ပီယံလိဂ် ၁၆ သင်းဆင့်ရဲ့ သမိုင်းဝင် ဂိုးပြတ်နိုင်ပွဲ တပွဲ ဖြစ်လာခဲ့တာပါ။ ဒီလို ၇-၀ ပွဲမျိုး ၃ ပွဲရှိဖူးပါတယ်။

ထိုပွဲတွေကတော့ ဘိုင်ယန်မြူးနစ် ၇-၀ ဘေဆယ် ( ၂၀၁၂ )၊ ဘိုင်ယန်မြူးနစ် ၇-၀ ရှက်တာဒိုးညက် ( ၂၀၁၅ )၊ မန်စီးတီး ၇-၀ လိုက်ပ်ဇစ် ( ၂၀၂၃ ) တို့ ဖြစ်ပါတယ်။

ဒါပေမယ့်ရဲ့ ဂိုးအပြတ်ဆုံး ပွဲ စံချိန်ကတော့ လီဗာပူး ရယူထားဆဲပါ ဖြစ်ပါတယ်။ ထိုပွဲကတော့ ၂၀၀၈ တုန်းက တူရကီကလပ် ဘက်ဆစ်ဆပ် ကို ၈-၀ နဲ့ အနိုင်ရခဲ့တာပါ။

ညက မန်စီးတီးရဲ့ နိုင်ပွဲမှာ တိုက်စစ်မှုး အာလင်း ဟာလန်း တစ်ဦးတည်းက ၅ ဂိုးထိ သွင်းယူခဲ့တာ ဖြစ်ပြီး တစ်ဦးချင်း စံချိန် မှတ်တမ်းကောင်း များစွာကို လည်း ရရှိသွားခဲ့ပါတယ်။

ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် သွင်းဂိုး ၃၀ ကို အသက်အငယ်ဆုံး သွင်းယူခဲ့ဖူးတဲ့ အမ်ဘတ်ပေရဲ့ စံချိန်ကိုလည်း ဟာလန်းတစ်ယောက် ရက်ပေါင်း ၁၆၆ ရက် အသာနဲ့ ထပ်မံကျော်ဖြတ်နိုင်ခဲ့ပြီး မန်ယူအသင်း တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းရဲ့ စံချိန်ကိုလည်း ထပ်မံကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဟာလန်းက လိုက်ပ်ဇစ်နဲ့ ပွဲမှာသွင်းယူခဲ့တဲ့ သွင်းဂိုးတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင် အံ့အားသင့်ခဲ့ရကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

လိုက်ပ်ဇစ်အသင်းနည်းပြ ရို့စ်ကတော့ ၎င်းတို့အသင်းဘက်ကို တစ်ဦးထဲ သွင်းဂိုး ၅ ဂိုး သွင်းယူခဲ့တဲ့ ဟာလန်းကို ထိမ်းချုပ်ဖို့ မတက်စွမ်းနိုင်ခဲ့ကြောင်း ပွဲအပြီး ဝန်ခံပြောဆိုသွားခဲ့ပါတယ်။