ရီးရဲဘက်တစ် VS မန်ချက်စတာ ယူနိုက်တက် တို့ ဒီည ယူရိုပါလိဂ် ပွဲမတိုင်ခင် ထူးခြား အချက်အလက်များ

မန်ချက်စတာယူနိုက်တက်ဟာ ဒီနေ့ည အဝေးကွင်းမှာ ရီးရဲဘက်တစ်နဲ့ ရင်ဆိုင်ရတဲ့အခါ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ကို တက်ရောက်နိုင်ဖို့ ရည်မှန်းထားပါလိမ့်မယ်။

ယူနိုက်တက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ ဂိုးမရှိသရေကျခဲ့တာကြောင့် ဒီပွဲမှာ အရည်အသွေး မြှင့်တင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဘက်တစ်ကတော့ ပြီးခဲ့တဲ့အပတ်က ဗီလာရီးရဲနဲ့ တစ်ဂိုးစီ သရေကျခဲ့ပြီး ဒီပွဲမှာ သက်သေပြစရာတစ်ခု ရှိနေတာဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု

ယူနိုက်တက်နဲ့ ဘက်တစ်တို့ကြား ထိပ်တိုက်တွေ့ဆုံမှုဆိုလို့ ပြီးခဲ့တဲ့ ပထမအကျော့က ရလဒ်သာ ရှိခဲ့ပြီး ယူနိုက်တက်က ၄-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

သိထားသင့်တဲ့ ပွဲကြို အချက်အလက်များ

– ရီးရဲဘက်တစ်ဟာ ၂၀၀၅ နိုဝင်ဘာတုန်းက ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ချယ်ဆီးကို ၁-၀ နဲ့ အနိုင်ရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အခု အင်္ဂလန်အသင်းနဲ့ ဥရောပ အိမ်ကွင်းပွဲ ကစားရမှာဖြစ်ပါတယ်။

– ဒီနေ့ပွဲအပါအဝင် ယူနိုက်တက်ရဲ့ နောက်ဆုံး ဥရောပအဝေးကွင်း ၇ပွဲဟာ စပိန်မှာပဲ ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ အဲ့ဒီ့ထဲက နောက်ဆုံး၄ပွဲကို ရှုံးနိမ့်ခဲ့ခြင်းမရှိပဲ ဒီရာသီထဲမှာတင် ဆိုစီဒက်ကိုအနိုင်ရကာ ဘာစီလိုနာနဲ့ သရေကျခဲ့ပါတယ်။

– ဘက်တစ်ဟာ ပထမအကျော့ရှုံးခဲ့တဲ့ နောက်ဆုံး ဥရောပ၆ကြိမ်ထဲက၁ ၉၉၈-၉၉ ရာသီ တစ်ကြိမ်သာ နောက်တဆင့် တက်နိုင်ခဲ့တာဖြစ်ပါတယ်။

– ၂၀၀၉-၁၀ ကနေစလို့ ယူရိုပါလိဂ် ရှုံးထွက်အဆင့် ပထမအကျော့မှ ဂိုးကွာခြားချက် ၃ဂိုးနဲ့အထက် အနိုင်ရခဲ့တဲ့ အသင်းအားလုံးထဲ တစ်သင်းသာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရဖူးပါတယ်။

– ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် အဓိကဥရောပပွဲ ၂၄ဂိုး သွင်းယူပေးထားခဲ့ပြီး သရဲနီတွေအတွက် ဥရောပ ၂၅ဂိုးပြည့်မြောက်တဲ့ ၆ယောက်မြောက် ကစားသမား ဖြစ်လာဖို့ နီးစပ်နေပါတယ်။

ဒီနေ့ပွဲမှာ ဂိုးသွင်းရင် သူဟာ ၂၅နှစ်၊ ၁၃၆ရက်သာရှိသေးတာကြောင့် ကလပ်အတွက် ဥရောပ၂၅ဂိုးပြည့်တဲ့ အသက်အငယ်ဆုံး ကစားသမားဖြစ်လာဦးမှာပါ။ ဒါ့အပြင် ဥရောပပွဲသမိုင်းမှာ ဒီမှတ်တမ်းကိုရရှိတဲ့ အသက်အငယ်ဆုံး အင်္ဂလန်ကစားသမားလဲ ဖြစ်ပါလိမ့်မယ်။