ဗာရိန်းလွဲမယ့် ပွဲများ၊ အင်္ဂလန်ကနေပါ ပယ်ခံရတော့မယ် ဆန်ချို၊ လင်ဂတ်နဲ့ ယနေ့ မန်ယူ သတင်းတိုများ
မန်ယူ ခံစစ်မှုး ဗာရိန်း အနေနဲ့ အတ္တလန္တာနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် တစ်လခန့်အနားရမှာဖြစ်ကြောင်း သိရပါတယ်။ ဗာရိန်း ဟာ ဒီဇင်ဘာ အစပိုင်းမှာ ပြန်ကစားနိုင်ဖွယ် ရှိပြီး မန်စီးတီး၊ အာဆင်နယ်နဲ့ ယန်းဘွိုင်းတို့လို အရေးကြီး ပွဲစဉ်တွေကို လွဲချော်မှာပါ။
ကလပ်အသင်းနဲ့ အတူ ပွဲကစားချိန် ပုံမှန် မရတဲ့ မန်ယူတိုက်စစ်သမား ဆန်ချိုနဲ့ လင်ဂတ်တို့ဟာ လာမယ့် နိုင်ငံပွဲတွေ အတွက် အင်္ဂလန်အသင်းကနေပါ ချန်လှပ်ခံရဖွယ် ရှိနေပါတယ်။

ဘာမင်ဂမ်မှာ အငှားကစားနေတဲ့ မန်ယူကြယ်ပွင့် တာဟစ်ချောင်အနေနဲ့ လေ့ကျင့်ရေးကွင်းမှာ စိုးရိမ်စရာ ပေါင်ဒဏ်ရာ ရရှိခဲ့ပြီးနောက် မန်ယူအသင်းကို ပြန်ရောက်လာဖွယ် ရှိနေပါတယ်။ တာဟစ်ချောင် အနေနဲ့ ထို ဒဏ်ရာကြောင့် သီတင်းပတ် ၁၆ ပတ်ခန့် အနားယူရမှာပါ။
နည်းပြ ဂွါဒီယိုလာက မန်ချက်စတာဒါဘီပွဲမတိုင်ခင် မန်ယူတိုက်စစ်မူှး စီရော်နယ်ဒိုကို ချီးကျူးခဲ့ပြီး မန်ယူနဲ့ ပွဲအတွက် နည်းစနစ်ပိုင်းဆိုင်ရာ သေချာခွဲခြမ်းသွားမှာဖြစ်ကြောင်း၊ မန်ယူဟာ အသင်းကောင်းဖြစ်ပြီး ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမား တစ်ဦးကို ပိုင်ဆိုင်ထားကြောင်း ဆိုခဲ့ပါတယ်။
မန်ယူ တိုက်စစ်မှုး ကာဗာနီကို ၂၀၂၂ နွေမှာ ဘိုကာဂျူနီယာက ခေါ်ယူဖို့ ရည်ရွယ်ထားပေမယ့် ဥရုဂွေးသားကို ဘာစီလိုနာကလည်း ခေါ်ယူချင်နေတာကြောင့် ပြိုင်ဘက် ရှိလာပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ဆန်ချို ဟာ လေ့ကျင့်ရေးကွင်းမှာ ဘာတွေ လုပ်နေမှန်း မသိကြောင်း၊ ပေါင် ၇၅ သန်းအထိ ပေးခေါ်ထားရတဲ့ ကစားသမား တစ်ယောက်ကို အသင်းအနေနဲ့ ဒီလောက်ထိ ကြာမြင့်စွာ စောင့်ဆိုင်းချင်မှာမဟုတ်ကြောင်း သရဲနီဟောင်း ပါကားက ဖွင့်ဟခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဇန်နဝါရီမှာ အီဒင်ဟာဇက်ကို ခေါ်ယူဖို့ အခွင့် ရှိခဲ့ပေမယ့် ငြင်းပယ်ခဲ့ကြောင်း စပိန် သတင်းတွေက ဖော်ပြလာပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လ်ဂျီယံသားကို ရောင်းချလိုနေပြီ ဖြစ်ပါတယ်။

ZG
မန္ယူ ခံစစ္မႈး ဗာရိန္း အေနနဲ႔ အတၱလႏၱာနဲ႔ပြဲမွာ ရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ တစ္လခန္႔အနားရမွာျဖစ္ေၾကာင္း သိရပါတယ္။ ဗာရိန္း ဟာ ဒီဇင္ဘာ အစပိုင္းမွာ ျပန္ကစားႏုိင္ဖြယ္ ရွိျပီး မန္စီးတီး၊ အာဆင္နယ္နဲ႔ ယန္းဘိြဳင္းတို႔လို အေရးႀကီး ပြဲစဥ္ေတြကို လြဲေခ်ာ္မွာပါ။
ကလပ္အသင္းနဲ႕ အတူ ပြဲကစားခ်ိန္ ပံုမွန္ မရတဲ့ မန္ယူတိုက္စစ္သမား ဆန္ခ်ိဳနဲ႕ လင္ဂတ္တို႔ဟာ လာမယ့္ နုိင္ငံပြဲေတြ အတြက္ အဂၤလန္အသင္းကေနပါ ခ်န္လွပ္ခံရဖြယ္ ရွိေနပါတယ္။
ဘာမင္ဂမ္မွာ အငွားကစားေနတဲ့ မန္ယူၾကယ္ပြင့္ တာဟစ္ေခ်ာင္အေနနဲ႔ ေလ့က်င့္ေရးကြင္းမွာ စိုးရိမ္စရာ ေပါင္ဒဏ္ရာ ရရွိခဲ့ၿပီးေနာက္ မန္ယူအသင္းကို ျပန္ေရာက္လာဖြယ္ ရွိေနပါတယ္။ တာဟစ္ေခ်ာင္ အေနနဲ႔ ထို ဒဏ္ရာေၾကာင့္ သီတင္းပတ္ ၁၆ ပတ္ခန္႔ အနားယူရမွာပါ။
နည္းျပ ဂြါဒီယိုလာက မန္ခ်က္စတာဒါဘီပြဲမတုိင္ခင္ မန္ယူတိုက္စစ္မဴွး စီေရာ္နယ္ဒိုကို ခ်ီးက်ဴးခဲ့ၿပီး မန္ယူနဲ႔ ပဲြအတြက္ နည္းစနစ္ပိုင္းဆုိင္ရာ ေသခ်ာခြဲျခမ္းသြားမွာျဖစ္ေၾကာင္း၊ မန္ယူဟာ အသင္းေကာငး္ျဖစ္ၿပီး ေဘာလံုးသမိုင္းရဲ႕ အေကာင္းဆံုး ကစားသမား တစ္ဦးကို ပိုင္ဆုိင္ထားေၾကာင္း ဆုိခဲ့ပါတယ္။
မန္ယူ တိုက္စစ္မႈး ကာဗာနီကို ၂၀၂၂ ေႏြမွာ ဘိုကာဂ်ဴနီယာက ေခၚယူဖို႔ ရည္ရြယ္ထားေပမယ့္ ဥရုေဂြးသားကို ဘာစီလိုနာကလည္း ေခၚယူခ်င္ေနတာေၾကာင့္ ျပိဳင္ဘက္ ရွိလာျပီ ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာယူႏိုက္တက္ တုိက္စစ္ကစားသမား ဆန္ခ်ိဳ ဟာ ေလ့က်င့္ေရးကြင္းမွာ ဘာေတြ လုပ္ေနမွန္း မသိေၾကာင္း၊ ေပါင္ ၇၅ သန္းအထိ ေပးေခၚထားရတဲ့ ကစားသမား တစ္ေယာက္ကို အသင္းအေနနဲ႔ ဒီေလာက္ထိ ၾကာျမင့္စြာ ေစာင့္ဆုိင္းခ်င္မွာမဟုတ္ေၾကာင္း သရဲနီေဟာင္း ပါကားက ဖြင့္ဟခဲ့ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ဟာ ဇန္နဝါရီမွာ အီဒင္ဟာဇက္ကို ေခၚယူဖို႔ အခြင့္ ရွိခဲ့ေပမယ့္ ျငင္းပယ္ခဲ့ေၾကာင္း စပိန္ သတင္းေတြက ေဖာ္ျပလာပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ ဘယ္လ္ဂ်ီယံသားကို ေရာင္းခ်လိုေနျပီ ျဖစ္ပါတယ္။