ကစားသမား တစ်ဦးက မန်ယူအတွက် ပွဲထွက်ပေးရဖို့ မထိုက်တန်ဘူးလို့ တန်ဟက်ကို ရူ့ဂူးလစ် သတိပေး
နယ်သာလန် ကြယ်ပွင့်ဟောင်း ရူ့ဂူးလစ်က မန်ချက်စတာယူနိုက်တက် အသင်း အတွက် ကိုယ်စားပြု ကစားရန် လုံလောက်တဲ့ ကောင်းမွန်မှု မရှိတဲ့ ကစားသမားကို ဖော်ထုတ်လာပါတယ်။
ရူ့ဂူးလစ်က ဇန်နဝါရီမှာ ယူနိုက်တက်ကို အငှားစာချုပ်နဲ့ ပြောင်းလာခဲ့ပြီးနောက်ပိုင်း ဂိုးရှေ့မှာ ရုန်းကန်နေခဲ့ရသလို ၁၈ ပွဲကစားရာမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ ဗက်ဟော့စ်ဟာ သင့်လျော်တဲ့ ကစားသမား မဟုတ်ကြောင်း ပြောဆိုခဲ့တာပါ။

ဂူးလစ်က “ကျနော် အမြဲတမ်း သူ့ကို ထူးဆန်းတဲ့ အမြင်နဲ့ပဲ ကြည့်မိနေပါတယ်။ ကျနော် သူ့ကို အများကြီး နှစ်သက်မှု ရှိပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူဟာ မန်ချက်စတာယူနိုက်တက် အတွက်ကော နယ်သာလန်အတွက်ပါ လုံလောက်တဲ့ ကောင်းမွန်မှု မရှိဘူးလို့ တွေးမိနေပါတယ်။
သူ့ရဲ့ အရည်အသွေးပိုင်း အားနည်းမှုတွေကို ကျနော်တို့ အကြိမ်ကြိမ် မြင်တွေ့နေရပါတယ်။” လို့ ဆိုသွားပါတယ်။
အဲရစ်တန်းဟတ်ဟာ လာမည့် နွေရာသီမှာတော့ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းကို ထိပ်တန်း တိုက်စစ်မှုး တစ်ဦး ခေါ်ယူကာ အင်အားဖြည့်တင်းသွားဖို့ လုပ်ဆောင်နေပြီး ရာသီကုန်မှာ အငှားစာချုပ် ကုန်ဆုံးမယ့် ဗက်ဟော့စ်ကို အပြီးသတ် ခေါ်ယူသွားဖို့တော့ မရှိနိုင်ပါဘူး။