ဇန်နဝါရီမှာ ဟာဇက်ကို ခေါ်မလား ရီးရဲလ်က မေးခဲ့ပေမယ့် တခါတည်း ငြင်းချလိုက်တဲ့ မန်ယူ
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ရုန်းကန်နေရတဲ့ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း အီဒင်ဟာဇက်ကို ခေါ်ယူသွားဖို့ အခွင့်အရေးတွေ ရှိနေပေမယ့်လည်း ဘယ်လ်ဂျီယံသား ကို ခေါ်ဖို့ ငြင်းဆန်ပယ်ချသွားခဲ့တယ်လို့ သိရှိရပါတယ်။
ဟာဇက်ဟာ စပိန်မှာ ၂နှစ်သာ ကြာခဲ့ပေမယ့် ဒဏ်ရာပြသာနာများစွာနဲ့ ရုန်းကန်နေရခဲ့ပြီး (၂)ရာသီ အတွင်းမှာ အသင်းအတွက် သွင်းဂိုးပေါင်း (၅)ဂိုးသာ သွင်းယူနိုင်ခဲ့ရပါတယ်။

ရီးရဲလ်အသင်းရဲ့ လက်ရှိနည်းပြ အန်စလော့တီကိုယ်တိုင်ကလည်း ဟာဇက်ထက် ဘရာဇီးလ် ကစားသမားတွေ ဖြစ်တဲ့ ဗင်နီစီယပ်စ် ရိုဒရီဂိုတို့ကို အသင်းမှာ နေရာပိုပေးချင်နေတာပါ။ ဒါကြောင့် ရီးရဲလ်ကနေ ထွက်ခွာဖို့ ဟာဇက်ကိုယ်တိုင် စဉ်းစားလာသလို ရီးရဲလ်ဘက်ကလည်း ဟာဇက်လို လစာမြင့်မားလှတဲ့ ကစားသမားမျိုးကို ဆောင်းဈေးကွက်အတွင်းမှာပဲ ရောင်းထုတ်သွားချင်နေပါတယ်။
ရီးရဲလ်အသင်းက ဟာဇက်ကို ခေါ်ယူမလား မန်ချက်စတာယူနိုက်တက်အသင်းထံ ဆက်သွယ် ကမ်းလှမ်းခဲ့ပေမယ့် မန်ယူအသင်းဘက်က ဟာဇက်ကို ခေါ်ယူဖို့ စိတ်မဝင်စားတာကြောင့် ပယ်ချသွားခဲ့ပါတယ်။
ဒါပေမယ့် ဟာဇက်ကို ပရီးမီးယားလိဂ်က ကလပ်အသင်းတွေများစွာ စိတ်ဝင်စားလို့နေကြပြီး ဒီထဲမှာ သူရဲ့အသင်းဟောင်း ချယ်ဆီးနဲ့ နယူးကာဆယ်အသင်းတွေက ထိပ်ဆုံးကနေ ပါဝင်နေတယ်လို့ သိရပါတယ်။

ZG
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ ႐ုန္းကန္ေနရတဲ့ ပရီးမီးယားလိဂ္ ၾကယ္ပြင့္ေဟာင္း အီဒင္ဟာဇက္ကို ေခၚယူသြားဖို႔ အခြင့္အေရးေတြ ရွိေနေပမယ့္လည္း ဘယ္လ္ဂ်ီယံသား ကို ေခၚဖို႔ ျငင္းဆန္ပယ္ခ်သြားခဲ့တယ္လို႔ သိရွိရပါတယ္။
ဟာဇက္ဟာ စပိန္မွာ ၂နွစ္သာ ၾကာခဲ့ေပမယ့္ ဒဏ္ရာျပသာနာမ်ားစြာနဲ႔ ႐ုန္းကန္ေနရခဲ့ၿပီး (၂)ရာသီ အတြင္းမွာ အသင္းအတြက္ သြင္းဂိုးေပါင္း (၅)ဂိုးသာ သြင္းယူႏိုင္ခဲ့ရပါတယ္။
ရီးရဲလ္အသင္းရဲ႕ လက္ရွိနည္းျပ အန္စေလာ့တီကိုယ္တိုင္ကလည္း ဟာဇက္ထက္ ဘရာဇီးလ္ ကစားသမားေတြ ျဖစ္တဲ့ ဗင္နီစီယပ္စ္ ႐ိုဒရီဂိုတို႔ကို အသင္းမွာ ေနရာပိုေပးခ်င္ေနတာပါ။ ဒါေၾကာင့္ ရီးရဲလ္ကေန ထြက္ခြာဖို႔ ဟာဇက္ကိုယ္တိုင္ စဥ္းစားလာသလို ရီးရဲလ္ဘက္ကလည္း ဟာဇက္လို လစာျမင့္မားလွတဲ့ ကစားသမားမ်ိဳးကို ေဆာင္းေစ်းကြက္အတြင္းမွာပဲ ေရာင္းထုတ္သြားခ်င္ေနပါတယ္။
ရီးရဲလ္အသင္းက ဟာဇက္ကို ေခၚယူမလား မန္ခ်က္စတာယူႏိုက္တက္အသင္းထံ ဆက္သြယ္ ကမ္းလွမ္းခဲ့ေပမယ့္ မန္ယူအသင္းဘက္က ဟာဇက္ကို ေခၚယူဖို႔ စိတ္မဝင္စားတာေၾကာင့္ ပယ္ခ်သြားခဲ့ပါတယ္။
ဒါေပမယ့္ ဟာဇက္ကို ပရီးမီးယားလိဂ္က ကလပ္အသင္းေတြမ်ားစြာ စိတ္ဝင္စားလို႔ေနၾကၿပီး ဒီထဲမွာ သူရဲ႕အသင္းေဟာင္း ခ်ယ္ဆီးနဲ႔ နယူးကာဆယ္အသင္းေတြက ထိပ္ဆုံးကေန ပါဝင္ေနတယ္လို႔ သိရပါတယ္။