ဒီအပတ် နယူးကာဆယ် – မန်ယူ ပွဲမှာ သရဲနီတွေ ရှုံးမယ် လို့ ပေါမာဆန်ရဲ့ ဟောကိန်းထုတ်
ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည် စတင်ချိန်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ နယူးကာဆယ် အသင်းကို စိန့်ဂျိမ်းပါ့ခ်ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပွဲကတော့ ဧပြီ ၂ရက်၊ တနင်္ဂနွေနေ့၊ မြန်မာစံတော်ချိန် ည ၁ဝ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာပါ။
ဘောလုံးပွဲတွေ သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

” နယူးကာဆယ်လ်တို့အတွက် အဆင့် ၄ ကို လုမယ့်သူတွေ များပြားနေချိန်မှာ အကြွေးဆပ်ရမယ့် ရန်သူတော်ကြီးက အချိန်ကိုက်ရောက်လာလို့ အခွင့်အရေးယူနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။
လောလောဆယ်မှာ မန်ချက်စတာ ယူနိုက်တက်က ကစားတာ အကောင်းကြီး မဟုတ်ပါဘူး။ သူတို့က မားကပ် ရက်ဖို့ဒ် သွင်းဂိုးတွေကို မှီခိုနေရတယ်။ တစ်ယောက်ယောက်ကတော့ ဂိုး ဝင်သွင်းဖို့ လိုနေပြီ။
ပရီးမီးယားလိဂ်ခေတ်ဦး အလန် ရှီးရား ပြောင်းလာခဲ့ချိန်လောက်တုန်းကဆိုရင်တော့ ဒီနှစ်သင်းရဲ့ ပြိုင်ဆိုင်မှုက ပြင်းထန်တတ်ပြီး လက်ရှိမှာတော့ ဆော်ဒီတွေရဲ့ မြေတောင်မြှောက်မှုမှာ သရဲနီတွေကို ငှက်ကျားတွေ ခြိမ်းခြောက်နိုင်စွမ်း ရှိလာခဲ့တာပါ။
အီဆက်ခ်ရဲ့ ခြေစွမ်းပြမှုက အိမ်ရှင်တွေအတွက် အားတက်ချင်စရာဖြစ်ပြီး အဆင့် ၃ ကို အလွယ်တကူ သိမ်းပိုက်နိုင်စွမ်းရှိတဲ့ မန်ယူတို့ ဒီနေ့ပွဲမှာ လျှော်သွားနိုင်ပါတယ်။ ” လို့ ပေါမာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန်ကြီးရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ နယူးကာဆယ် ၂-၁ မန်ချက်စတာယူနိုက်တက် ဖြစ်ပါတယ်။