တန်ဟက် ခေါ်ယူမယ့် ယူရို သန်း ၁ဝဝ တန် ကစားသမား အတွက် မန်ယူ တာဝန်ရှိသူတွေ ခွင့်ပြုချက်ပေး
မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ ဘင်ဖီကာကြယ်ပွင့်တိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ်ကို ခေါ်ယူဖို့အတွက် ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဂွန်ဆာလို ရာမို့စ်ဟာ ယခုရာသီမှာ ဘင်ဖီကာအသင်းအတွက် ၃၆ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၂၄ ဂိုးနဲ့ အကောင်းဆုံးပုံစံ ရရှိနေတဲ့ ကစားသမားဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတုန်းက ဆွစ်ဇာလန်ကို ၆-၁ နဲ့ အနိုင်ရခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

စပိန် AS ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ ဂွန်ဆာလို ရာမို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု အခိုင်အမာ ပြသထားခဲ့ပြီး တန်ဟက်ဟာ လက်ရှိမှာတော့ မန်ယူ ဘုတ်အဖွဲ့နဲ့ အသင်းထိပ်ပိုင်း တာဝန်ရှိသူတွေ ဆီကနေ ခွင့်ပြုချက် ရခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ဘင်ဖီကာအသင်းဟာ ဂွန်ဆာလို ရာမို့စ်အတွက် အနည်းဆုံးယူရိုသန်း ၁၀၀ ဝန်းကျင်လောက် ကမ်းလှမ်းမှုတွေကို နားထောင်သွားမှာဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းကလည်း ပေါ်တူဂီ တိုက်စစ်မှူးကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။
ဘင်ဖီကာအသင်းဟာ ရာမို့စ်နဲ့ စာချုပ်သစ်အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ကတိပေးထားခဲ့ပေမယ့်လည်း ပေါ်တူဂီက ယခုအပတ် သတင်းတွေရဲ့ ဖော်ပြချက်အရ ပေါ်တူဂီတိုက်စစ်မှူးဟာ စာချုပ်သစ် ကမ်းလှမ်းခြင်း မရှိသေးတဲ့ အတွက် အလွန်စိတ်ပျက်နေတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟာလန်းလက်သစ်လို့ သတ်မှတ်ခြင်းခံထားရတဲ့ အတ္တလန္တာတိုက်စစ်မှူး ဟိုရီလွန်း ကိုလည်း အနီးကပ်စောင့်ကြည့်နေပြီး အသက် ၂၀ အရွယ် တိုက်စစ်မှူးဟာ နိုင်ငံတကာအားလပ်ရက်အတွင်း ဒိန်းမတ် အတွက် ၂ ပွဲမှာ ၅ ဂိုးအထိ အံ့အားသင့်ဖွယ် သွင်းယူပေးထားခဲ့တာဖြစ်ပါတယ်။