ဒီည နယူးကာဆယ်နဲ့ ပွဲမှာ တန်ဟက် ပွဲထုတ်လာနိုင်တဲ့ မန်ယူအသင်းရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက် လူစာရင်း

မန်ယူ နည်းပြ နည်းပြအဲရစ်တန်ဟက်ဟာ တနင်္ဂနွေညကစားမယ့် စိန့်ဂျိမ်းစ်ပါ့ခ်က နယူးကာဆယ်နဲ့ပွဲမှာ ရွေးလို့ ရနိုင်မယ့်ထဲက အတောင့်တင်းဆုံးလူစာရင်းနဲ့ ယှဉ်ပြိုင်သွားစေဖို့ ရှိပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲဝင်နေတဲ့နှစ်သင်းစလုံးအတွက် အဆုံးအဖြတ်ပွဲတစ်ပွဲလိုဖြစ်သလို လီဗာပူးကို ၇ ဂိုးပြတ် ရှုံးပြီးနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်မှာ မန်ယူကစားရတဲ့ ပထမဆုံးအဝေးကွင်းပွဲပါ။

ထုံးစံအတိုင်း ပွဲထွက်ဂိုးနေရာကို လက်စွမ်းပြဒီဂီယာက မောင်ပိုင်စီးထားမှာဖြစ်ပြီး တွမ်ဟီတန်ရဲ့ မကြာသေးခင် ဒဏ်ရာကြောင့် အရန်မှာတော့ ဘတ်လန်းပါလာမှာ ဖြစ်ပါတယ်။

ညာနောက်ခံနေရာမှာ ဘစ်ဆာကာကို မြင်ရဖို့များပြီး နိုင်ငံတကာကြားဖြတ် မတိုင်ခင်ကတည်းက အဲဒီနေရာကို ဒါလော့ဆီက သိမ်းပိုက်နိုင်ခဲ့လို့ပါ။

ဘယ်တောင်ပံမှာ လုခ်ရှော်၊ ဗဟိုခံစစ်မှာ မာတီနက်ဇ်နဲ့ဗာရန်းအတွဲတို့ကတော့ အပြောင်းအလဲ မရှိနိုင်ပါဘူး။ တန်ဟက် အတွက် အဓိကပြသနာက ကွင်းလယ်ဖြစ်ပြီး ကက်စမဲရိုးပွဲပယ်ခံရထားရချိန်

ဖရတ်ဒ်ကို တွမ်မီနေး ဒါမှမဟုတ် ဆာဘစ်ဇာတစ်ယောက်ယောက်နဲ့ တွဲမှာပါ။ ဆာဘစ်ဇာက သြစတြီးယားမှာ ဒဏ်ရာအနည်းငယ်ရခဲ့ပြီး တွမ်မီနေးကတော့ နိုင်ငံတကာကြားဖြတ်မှာ

စကော့တလန်အတွက် အထူးခြေစွမ်းပြခဲ့လို့ ဖရတ်ဒ်ကို အကယ်ဒမီထွက်ကစားသမားနဲ့တွဲဖို့ များပါတယ်။ မန်ယူ ကွင်းလယ် တိုက်စစ်မှာတော့ ထုံးစံအတိုင်း ကပ္ပတိန်လက်ပတ်ဝတ်ဆင်ကစားမယ့် ဖာနန်ဒက်ဇ်ကို မြင်ရမှာပါ။

တန်ဟက်က ရက်ရှ်ဖို့ဒ်ရဲ့ကြံ့ခိုင်မှုကို အကောင်းမြင်ထားလို့ မန်ယူတိုက်စစ်မှာ သူပွဲထွက်ပါဖွယ်ရှိပါတယ်။ ဗဟို တိုက်စစ်မှာတော့ ဝင်ဘလေမှာတုန်းက နယူးကာဆယ်ကို ဒုက္ခပေးနိုင်ခဲ့တဲ့ ဝက်ဟော့ကိုပဲ ဆက်သုံးနိုင်တာပါ။

ညာတောင်ပံတိုက်စစ်မှာတော့ ဘရာဇီးအတွက် ကစားခဲ့ရတဲ့ အန်တိုနီထက် အနားရခဲ့တဲ့ ဆန်ချိုကို ပိုမြင်ရနိုင်ပါတယ်။

မန်ယူဟာ နယူးကာဆယ်နဲ့ပရီးမီးယားလိဂ်တွေ့ဆုံမှု နောက်ဆုံး ၉ ပွဲမှာ ၆ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ ၁ ပွဲသာရှုံးခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဘယ်အသင်းထက် မဆိုလည်း နယူးကာဆယ်ကို ပိုနိုင်ခဲ့တာပါ။