ရော်နယ်ဒို လစာထက် နှစ်ဆနဲ့ စံချိန်တင် ကမ်းလှမ်းမှုကြီး တစ်ခု ရရှိထားတဲ့ လီယွန်နယ် မက်ဆီ
ဆော်ဒီထိပ်သီးကလပ် အယ်လ်ဟီလယ်အသင်းဟာ လီယွန်နယ်မက်ဆီကို တနှစ်လုပ်ခ ယူရိုသန်း ၄၀၀ အထိရှိတဲ့ ကမ်းလှမ်းမှုကို တရားဝင်ပြုလုပ်လိုက်ပြီလို့ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလိုက်ပါတယ်။
ဒီပမာဏဟာ အယ်လ်နာဆာမှာ ရော်နယ်ဒိုရရှိနေတဲ့ လုပ်ခလစာရဲ့ ၂ ဆလည်းဖြစ်ပြီး မက်ဆီအတွက်တော့ မက်မောလောက်စရာ ဖြစ်လာခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မက်ဆီကတော့ ဥရောပမှာပဲ ဆက်ကစားဖို့အတွက် ဦးတည်ချက်ထားနေပြီး တဖက်မှာ သူ့အသင်းဟောင်း ဘာစီလိုနာကလည်း မက်ဆီအတွက် ကမ်းလှမ်းမှုလုပ်ဖို့ကို စောင့်ဆိုင်းနေပါတယ်။
ပီအက်စ်ဂျီကလည်း မက်ဆီကို စာချုပ်သစ်အတွက် ဆွေးနွေးနေဆဲဖြစ်နေလို့ အာဂျင်တီးနားကြယ်ပွင့်အတွက်တော့ ရွေးချယ်စရာတွေ အများအပြားရှိနေပြီဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ ရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်ကုန်ဆုံးတော့မှာဖြစ်ပြီး နှစ်သက်ရာအသင်းကို အလွတ်ပြောင်းရွှေ့နိုင်မှာပါ။ အယ်လ်ဟီလယ်ကတော့ မက်ဆီကို ခေါ်ယူနိင်ဖို့အတွက် များပြားလှတဲ့ ငွေကြေးပမာဏကို ရင်းနှိးမြုပ်နှံဖို့ရာ သူတို့အသင့်ဖြစ်နေပြီဆိုတာကိုပါ ပြသလိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်းကလည်း မက်ဆီရဲ့ အဖေဂျော့မက်ဆီက ရီယက်ဒ်ကို ရောက်ရှိနေခဲ့ပြီး ဆော်ဒီလိဂ်ကို မက်ဆီပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ ဆက်စပ်မှုတွေရှိခဲ့ဖူးပါတယ်။ အယ်လ်ဟီလယ်က အခုလိုမျိုး ကမ်းလှမ်း လိုက်တာကလည်း ဒီအယူအဆတွေကို ပိုမိုခိုင်မာလာစေခဲ့ပြီး မက်ဆီ ရာသီကုန်မှာ ဘယ်ကိုရောက်မလဲဆိုတာ အားလုံးက စိတ်ဝင်စားလာခဲ့ပြီဖြစ်ပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီမှာ လှောင်ပြောင်မှုတွေကို ရင်ဆိုင်နေရပြီး ပရိသတ်တွေရဲ့ သူ့အပေါ်ဆက်ဆံပုံကို စိတ်ပျက်နေတယ်လို့ သတင်းထွက်နေပါတယ်။
ဒီအခြေအနေက မက်ဆီကို ပြင်သစ်ကနေ ထွက်ခွာဖို့ တွန်းအားပေးသလိုဖြစ်နေပြီး ပြင်သစ် ကစားသမားဟောင်း တွေဖြစ်တဲ့ ပီတစ်နဲ့ အွန်နရီတို့ကလည်း မက်ဆီကို ပီအက်စ်ဂျီကထွက်ဖို့ တိုက်တွန်းနေကြပါတယ်။