ခြေစွမ်း အကောင်းကြီး မဟုတ်ပေမယ့် မန်ယူတို့ ဘရန့်ဖို့ဒ်ကို ဘယ်လို ကပ်နိုင်သွားခဲ့သလဲ – Match Review

ဘောလုံး ရာသီကုန်ဖို့ နီးလာချိန်မှာ ယူနိုက်တက်ရဲ့ ခြေစွမ်းက သိသိသာသာ ကျဆင်းနေတာကို တွေ့ရတယ်။ ဒါပေမယ့် မနေ့ညကတော့ မန်ယူနိုင်ပွဲ ပြန်ရခဲ့ပါတ်။

အခုပွဲမှာ အိမ်ကွင်းဖြစ်နေတာရယ်၊ ဘရန့်ဖို့ဒ်ကလည်း အဝေးကွင်းဆို ခြေစွမ်းအားနည်းပြီး ပွဲချိန်အတွင်း တိုက်စစ်မှူး ရှာဒါရဲ့ အပိုင်ကန်ချက်ကို ဒီဂီယာ ကာကွယ်နိုင်ခဲ့တာတွေကြောင့်သာ ယူနိုက်တက် ကျဉ်းမြောင်းတဲ့ရလဒ် ၁-၀ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အဲရစ်တန်ဟက်ဟာ ကတ်စ်မဲရိုး မရှိတဲ့ ကွင်းလယ်အားနည်းချက်ကို Cover လုပ်ဖို့အတွက် ဘရူနိုဖာနန်ဒက်စ်ကို No 6 Role နေရာမှာ အသုံးပြုတာကြောင့် တိုက်စစ်နဲ့ ကွင်းလယ် ချိတ်ဆက် လုပ်မယ့်သူ မရှိတော့သလို No 10 Role ကစားတဲ့ ဆာဘစ်ဇာ၊ Box To Box ကစားတဲ့ တွမ်မီနေးတို့ကလည်း တိုက်စစ်ကို ထိထိရောက်ရောက် မပံ့ပိုးနိုင်ကြဘူး။

ဆန်ချိုကတော့ ညကပွဲ ခြေစွမ်း မဆိုးပေမယ့် ရာသီကုန်မှာ အငှားချရင်ချ မဟုတ်လည်း အပြတ်သာ ရောင်းသင့်န ေပါတယ်။

ပေါင်(၈၆)သန်းတန် အန်တိုနီက ဘယ်ခြေကန်ချက်နဲ့သာ ဂိုးသွင်းဖို့ ကြိုးစားခဲ့ပြီး တစ်ကြိမ်မှလည်း ဂိုးပေါက်မတည့်ခဲ့ဘူး။

ဘရန့်ဖို့ဒ်က အိုးလ်ထရက်ဖို့ဒ်မှာ ထုံးစံအတိုင်း ခံစစ်ကို ဦးစားပေးကစားပေမယ့် ဘရန့်ဖို့ဒ်ရဲ့ခံစစ်ကစားပုံ အရမ်း ကောင်းနေတာကြောင့် မဟုတ်ဘဲ ယူနိုက်တက်တိုက်စစ်ပုံဖော်မှု အားနည်းချက်ကြောင့်သာ ဂိုးရဖို့ရုန်းကန်ခဲ့ရတာပါ။

ဒီကြားထဲ ဒီဂီယာက သူ့ပုံစံမဟုတ်တဲ့ Sweeper Keeper Style ကစားဖို့ ကြိုးစားရင်း မလိုလားအပ်တဲ့ ဘောလုံး ပေးပို့မှုတွေကြောင့် ဂိုးပေးရလုနီးပါးဖြစ်ခဲ့ရတယ်။

ပထမပိုင်းပွဲချိန် (၂၇)မိနစ်မှာ ဆာဘစ်ဇာ ခေါင်းတိုက်ချပေးတာကနေ ရပ်ရှ်ဖို့ဒ်က အနီးကပ်ပိတ်သွင်းပြီးတော့ မန်ယူအသင်း ပရီးမီးယားလိဂ် (၃)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေတာကို အဆုံးသတ်နိုင်ခဲ့တယ်။

ဒါ့အပြင် ရပ်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးကြောင့်လည်း ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီးဖာဂူဆန်လက်ထက် ၁၉၈၉၊ ဧပြီလတုန်းက အမှတ်ပေးပွဲ(၄)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တဲ့ မှတ်တမ်းဆိုးကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။

ခြေစွမ်းအကောင်းကြီးမဟုတ်ပေမယ့် ပရီးမီးယားလိဂ်နိုင်ပွဲ ပြန်တွေ့ခဲ့တာကိုပဲ ကျေးဇူးတင်ရမှာဖြစ်ပြီး အခုနိုင်ပွဲကြောင့် ယူနိုက်တက်တို့ စပါးအသင်းကို (၃)မှတ်ဖြတ်ပြီးတော့ အဆင့်(၄)နေရာ ပြန်လည်တက်ရောက်နိုင်ပြီဖြစ်ပါတယ်။