ဘာစီလိုနာကို မကြည်လို့ ကြုံတုန်း ဝင်ဖဲ့ပစ်ခဲ့တဲ့ မန်ယူ လူငယ်ကြယ်ပွင့် ဂါနာချို

မန်ချက်စတာ ယူနိုက်တက် ြကြယ်ပွင့် အလက်ဟန်းဒရိုး ဂါနာချိုဟာ ဘာစီလိုနာကို လူမှုကွန်ယက်ကမှာ ပေါ်တင် ဝင်ဖဲ့လိုက်ပြီး စပိန်လာလီဂါကလပ်အသင်းကို မြင်ပြင်းကတ်နေကြောင်း ဆက်လက်ပြသခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဟာ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့တုန်းက ဘာနေဗျူးမှာ ၁-၀ နဲ့ ဦးဆောင်ပြီးမှ ဗုဒ္ဓဟူးနေ့ညက နူးကမ့်မှာ ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဇာဇီရဲ့အသင်းဟာ ဗင်နီးရှပ်စ် ဂျူနီယာကို မထိန်းနိုင်ခဲ့ဘဲ တန်ပြန်တိုက်စစ်ကနေ ဂိုးတွေ ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။

ဘာစီလိုနာကွင်းလယ်လူ ဂါဗီဟာ ပြိုင်ဘက်တွေကို ထိန်းသိမ်းဖို့ အလုပ်များနေတာကြောင့် ဂိုးရလဒ်အပေါ်မှာ အကျိုးသက်ရောက်မှု ပြသနိုင်ဖို့ ရုန်းကန်ခဲ့ပြီး ရော်နယ် အာရာအူဟိုကလည်း ဗင်နီးရှပ်စ်ရဲ့ ဘောလုံးစွမ်းရည်ကြောင့် အရှက်ရခဲ့ရတာ ဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဗင်နီးရှပ်စ် ဂျူနီယာဟာ ဘာစီလိုနာအသင်းရဲ့ အနာကို ဆားနဲ့ပက်တဲ့ အနေနဲ့ အင်စတာဂရမ်မှာ ပြန်လာနိုင်မှုနဲ့ ဗိုလ်လုပွဲလို့ အဓိပ္ပာယ်ရတဲ့ စပိန်ဘာသာစကား remontada နဲ့ ညီမျှခြင်း ရီးရဲလ်မက်ဒရစ်လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်လူငယ်ကြယ်ပွင့် ဂါနာချိုက ဗင်နီးရှပ်စ် ဂျူနီယာရဲ့ ပို့စ်မှာ သာမန်ပါပဲဆိုတဲ့ မှတ်ချက်နဲ့အတူ ရယ်မောနေတဲ့ အီမိုဂျီတွေအများအပြားနဲ့ မှတ်ချက်ပေးပြီး ဘာစီလိုနာအသင်းကို လမ်းကြုံ ဝင်လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် အာဂျင်တီးနားလူငယ်ကြယ်ပွင့်ဟာ လီယွန်နယ် မက်ဆီကို ချစ်မြတ်နိုးပေမယ့်လည်း ဘာစီလိုနာကိုတော့ မုန်းတီးနေပုံပေါ်ပါတယ်။