ဒီအပတ် မန်ယူ – အဲဗာတန် ပွဲက ဘယ်လိုရလဒ်ထွက်မလဲ ဘီဘီစီမှ ခရစ်ဆက်တန် ခန့်မှန်း ဟောကိန်းထုတ်
နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းက ဒီတပတ် ပရီးမီးယားလိဂ်မှာ အဲဗာတန် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ဘောလုံးပွဲတွေ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က ယူနိုက်တက်နဲ့ အဲဗာတန် တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

” မန်ယူနိုက်တက်က လတ်တလောမှာ လွတ်လပ်စွာ ကစားနေနိုင်ပြီး ကြားရက်တုန်းက ဘရန့်ဖိုဒ့်ကို အနိုင်ယူဖို့ နည်းလမ်းကိုလည်း ရှာဖွေတွေ့နိုင်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ တော်တင်ဟမ်ကို ဖယ်ထုတ်ခြင်းနဲ့အတူ အဆင့်လေးအတွင်း ဝင်ရောက်ဖို့ နေရာ ကောင်းမှာ ရှိနေတယ်။ ဒါပေမယ့် သူတို့ တွန်းအားပေးဖို့ လိုအပ်နေပြီး အထူးသဖြင့် အိမ်ကွင်းပွဲမှာ ဖြစ်ပါတယ်။
အဲဗာတန်က သူတို့ကို ခက်ခဲအောင် လုပ်မှာပါ။ ဇန်နဝါရီမှာ ဆမ်ဒိုက် တာဝန်ယူပြီးတဲ့နောက် သူတို့ နည်းနည်းလေး ပိုခြိမ်းခြောက်လာနိုင်တယ်။ အထူးသဖြင့် တည်ကန်ဘောတွေမှာ ကောင်းမွန်ပေမယ့် ဒီပွဲမှာ ယူနိုက်တက်ပဲ အသာ ရသွားမှာပါ။ ” လို့ ဆက်တန်က သုံးသပ် ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၁ အဲဗာတန် ဖြစ်ပါတယ်။ ပွဲချိန်ကတော့ မနက်ဖြန် ဧပြီ ၈ ရက်၊ စနေနေ့၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။