စီရော်နယ်ဒို ပြောတဲ့ အကောင်းဆုံး နည်းပြက ဆာအဲလက်စ် ဖာဂူဆန် မဟုတ်ခဲ့ပါဘူး

ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှုး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဆာ အဲလက်စ် ဖာဂူဆန်အပါအဝင် ထိပ်သီးနည်းပြ အများအပြားလက်အောက်မှာ ကစားခဲ့ဖူးပေမယ့်လည်း မော်ရင်ညို လက်အောက်မှာ ကစားရတာကို အနှစ်သက်ဆုံး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘလွန်းဒီအော ၅ ဆုရှင် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တသက်တာအကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဆိုတာ ငြင်းလို့မရဘဲ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ရရှိနိုင်သမျှ ဆုဖလားအားလုံးနီးပါး ရယူပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အတွက် ပထမအကြိမ် ကစားခဲ့တဲ့ကာလအတွင်း ဖာဂူဆန်လက်အောက်မှာ ပြိုင်ပွဲစုံ ၂၉၂ ပွဲမှာ သွင်းဂိုး ၁၁၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆၃ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ အနှစ်သက်ဆုံး နည်းပြကို မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဖာဂူဆန်ကို အံ့အားသင့်ဖွယ် ငြင်းပယ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း မော်ရင်ညိုက သူ အလုပ်တွဲလုပ်ဖူးသမျှထဲမှာ အကောင်းဆုံး နည်းပြဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် သူ့ကို ထိပ်တန်းအဆင့်မှာ ထားရပါလိမ့်မယ်။ ကျွန်တော် အမြဲတမ်း အဲဒါကို ပြောမှာပါ။ ကျွန်တော် အရမ်းကောင်းတဲ့ နည်းပြတွေအများကြီးအောက်မှာ ကစားခဲ့ဖူးတယ်။ ဒါပေမယ့် ဟိုဆေး မော်ရင်ညိုက ကြီးကျယ်ခမ်းနားတဲ့ တွေးခေါ်ရှင်တစ်ယောက်ပါ။ သူက အရာအားလုံးကို အသေးစိတ်ကျကျ တွေးခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၀၃ ခုနှစ်မှာ လက်ရွေးစင်ကစားသမားဘဝ ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ပြီးကတည်းက ပေါ်တူဂီ လက်ရွေးစင်အသင်းအတွက် အဓိကကစားသမားဖြစ်ခဲ့သူဖြစ်ပြီး မန်ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်အပါအဝင် ကမ္ဘာပေါ်က အကောင်းဆုံး ကလပ်အသင်းအချို့အတွက် ကစားပေးခဲ့သူဖြစ်ပါတယ်။

ဒါကြောင့် အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ဆယ်စုနှစ် ၂ ခုအတွင်း နာမည်ကြီးနည်းပြတွေ လက်အောက်မှာ ကစားခဲ့ဖူးတာဖြစ်ပြီး အဲဒီထဲကမှ ပေါ်တူဂီကြယ်ပွင့်ဟာ မန်ချက်စတာယူနိုက်တက်နည်းပြ ဖာဂူဆန်လက်အောက်မှာ ပွဲအများဆုံး ပါဝင်ကစားခဲ့ရတာဖြစ်ပါတယ်။