မက်တွန်မီနေး၊ မာရှယ်တို့ရဲ့ ဂိုးတွေနဲ့ အိမ်ကွင်းမှာ မန်ယူ ဂိုးပြတ်နိုင်ပေမယ့် ရဲရဲ မပျော်နိုင် ဖြစ်ခဲ့ရပါပြီ
မန်ချက်စတာယူနိုက်တက် က ဒီည အိုးထရက်ဖို့ဒ်မှာ အဲဗာတန် ကို ဧည့်ခံ ကစားရာ ၂-၀ နဲ့ ဂိုးပြတ် အနိုင်ရသွားပါတယ်။
ဂိုးတွေကို မက်တွန်မီနေး (၃၆ မိနစ်) နဲ့ မာရှယ် (၇၁ မိနစ်) တို့က အသီးသီး သွင်းယူခဲ့တာပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အိမ်ကွင်းဆိုရင် ကစားပုံသိသိသာသာ ပိုကောင်းလေ့ရှိတဲ့ ယူနိုက်တက်ကတော့ ဒီပွဲမှာလည်း အကောင်းဆုံး ခြေစွမ်းနဲ့ အဲဗာတန်ကို ၂ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
မန်ယူက အသင်းလိုက် ကစားပုံတော်တော်လေး ကောင်းသလို၊ ကစားသမားတွေကြားမှာလည်း နားလည်မှုရှိရှိနဲ့ ကစားနိုင်ခဲ့ပါတယ်။
အဲဗာတန်ကတော့ ယူနိုက်တက်ရဲ့ ကစားကွက်အောက်မှာသာ တစ်ပွဲလုံးနီးပါးရှိနေခဲ့ပြီး ဆင်းမ်၊ ဂရေးတို့ရဲ့ ကန်ချက်တွေကလည်း ဂိုးနားတောင် မရောက်ပဲ မာတီနက်ဇ်၊ ဆန်ချိုတို့နဲ့သာ ထိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်က အဆင့် ၃ နေရာကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။
သတင်းကောင်းကတော့ ကာလရှည်ဒဏ်ရာက ပြန်လာတဲ့ မာရှယ်ဂိုးပြန်သွင်းနိုင်ခဲ့ပြီး၊ သတင်းဆိုးကတော့ ဒီရာသီမှာ သွင်းဂိုးတွေအတွက် အဓိကအားကိုးနေရတဲ့ ရက်ရှ်ဖို့ဒ်ကတော့ ဒဏ်ရာကြောင့် ကွင်းထဲကနေ တန်းထွက်သွားတာ တွေ့ရပါတယ်။